Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်၊ ပလက်ဝတွင် သိမ်းဆည်းရမိသော သံချပ်ကာ ၂ စီးနှင့် လက်နက်ခဲယမ်းများ AA ထုတ်ပြန်

ချင်းပြည်နယ်၊ ပလက်ဝတွင် သိမ်းဆည်းရမိသော သံချပ်ကာ ၂ စီးနှင့် လက်နက်ခဲယမ်းများ AA ထုတ်ပြန်

0
By Editor on January 18, 2024 Khonumthung

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့၏ ရှေ့တန်းတပ်မဌာနချုပ် ခလရ (၂၈၉) နှင့် စကခ (၁၉) တို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်း မြောက်များစွာကို ရက္ခိုင်တပ်တော် AA က ယနေ့ ဇန်နဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်လာသည်။

“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်သည် ပလက်ဝမြို့နယ်တစ်ခုလုံးမှ တပ်စခန်းများ အားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော အဓိက တပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေကာ ဇန်နဝါရီလ ၁၀ ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ထုတ်ပြန်ထားသည်။

“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” သည် ပလက်ဝတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ စစ်ကောင်စီတပ် စစ်စခန်းများကို ထောက်ပိုပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးဖြစ်သည်ဟု သိရသည်။

ဇန်ဝါရီလ ၁၄ ရက်မှစတင်၍ ပလက်ဝမြို့နယ်တစ်ခုလုံးသည် “စစ်ကောင်စီ လုံးဝကင်းစင်သော ဒေသ” ဖြစ်လာပြီး ပလက်ဝမြို့နယ်တစ်ခုလုံးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း AA က ဇန်နဝါရီလ ၁၄ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစ၍ ပလက်ဝမြို့နယ်အတွင်းက “တရွန်အိုင်”နှင့် နှုံးဘူး” ဗျူဟာနှစ်ခုကို စတင်တိုက်ခိုက်ခဲ့ပြီး ရက်ပေါင်း ၆၃ ရက်အကြာတွင် ပလက်ဝမြို့နယ်တစ်ခုလုံးက စစ်ကောင်စီစစ်စခန်းများ၊ ရဲစခန်းများကို AA က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.