Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လိုင်လင်းပီမြို့အနီးတွင် MDF က CDF- Mara တပ်ဖွဲ့ဝင် ၂ ဦးကို ထပ်မံဖမ်းဆီး၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးထားသူ ၆ ဦးရှိ

လိုင်လင်းပီမြို့အနီးတွင် MDF က CDF- Mara တပ်ဖွဲ့ဝင် ၂ ဦးကို ထပ်မံဖမ်းဆီး၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးထားသူ ၆ ဦးရှိ

0
By Editor on January 19, 2024 Headline

(006SV)

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့အနီးတွင် Maraland Defense Force (MDF)က CDF- Mara မှ ရဲဘော် (၂) ဦးကို ယနေ့ ထပ်မံဖမ်းဆီးခဲ့ပြီး နှစ်ပတ်ခန့်အတွင်း CDF- Mara မှ ရဲဘော် ၆ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း CDF- Mara မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်တွင် လိုင်လင်းပီမြို့အနီး ၉ မိုင်ရွာတွင် CDF – Mara ၊ တပ်ရင်း – ၃ မှ တပ်ခွဲ့မှူး ဆန်နှင်နှင့် ရဲဘော် ရာလိုင်တို့ကို MDF က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု CDF- Mara မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“၄ ယောက်ကို ခုချိန်လည်း ပြန်မလွတ်ပေးသေးဘူး။ ဒီမနက်လည်း ၂ ယောက်ထပ်ဖမ်းသေးတယ်။ တစ်ယောက်က တပ်ခွဲမှူး ၊ ၉ မိုင်ရွာမှာ ဈေးသွားဝယ်ရင်းနဲ့ အဲဒီမှာ ဖမ်းသွားတယ်။ နောက်တစ်ယောက်ကတော့ လူကြုံသွားပို့ရင်နဲ့ ဖမ်းဆီးခံလိုက်ရတယ်” ဟု ၎င်းက ပြောသည်။

တပ်ခွဲမှူး ဆန်နှင်ကို ဖမ်းဆီးချိန်တွင် ၎င်းမှာ သေနတ်တစ်လက်ပါသွားပြီး ရဲဘော် ရာလိုင်ကို ဖမ်းဆီးချိန်တွင် မည်သည့်လက်နက်မျှ မပါရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၅ ကလည်း ရွှေလိုက်ဝကျေးရွာတွင် CDF- Mara တပ်ရင်း (၄) မှ ဘိတ်နှေချွာ (တပ်ခွဲမှူး) နှင့် ဘွေးယာ (တပ်သား) တို့ကို MDF တပ်ရင်းမှူး တူပါး ဦးဆောင်သည့် တပ်ဖွဲ့မှ ဖမ်းဆီးထားခဲ့သည်ဟု သိရသည်။

CDF- Maraမှ ရဲဘော် (၂) ဦး ဖမ်းဆီးခံရမှုအတွက် CDF- Mara မှ ဗျူဟာမှူး ဦးထက်ဆန်းနှင့် တပ်ရင်းမှူး ဦးခူးမာတို့က MDF နှင့် ရက္ခိုင်တပ်တော် (AA) တာဝန်ရှိသူများထံ လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

AA နှင့် MDF တာဝန်ရှိသူများက ရွှေလိုက်ဝကျေးရွာသို့ လာရောက်ရန် လုံခြုံရေးကို တာဝန်ယူမည် ဖြစ်ကြောင်း၊ ရွှေလိုက်ဝကျေးရွာရောက်လျှက် ချက်ချင်းလွှတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ရာမှာ ဇန်နဝါရီလ ၇ ရက်က CDF Mara မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူးတို့သည် ရွှေလိုက်ဝကျေးရွာသို့ သွားရောက်ရာတွင် ၎င်းတို့ကိုပါ ဖမ်းဆီးထားလိုက်သည်ဟု CDF – Mara က ဇန်နဝါရီလ ၁၇ ရက်က ထုတ်ပြန်သည်။

တချိန်တည်းမှာပဲ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/ MDF) ကလည်း ဇန်န၀◌ါရီလ ၁၈ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ တော်လှန်ရေးအဖွဲ့ အစည်း အချင်းချင်းကြား မလိုလားအပ်သော ပဋိပက္ခများ မဖြစ်စေလိုသောကြောင့် ဇန်နဝါရီလ ၁၈ ရက်မှစတင်၍ ၎င်း၏ နယ်မြေအတွင်း ကြိုတင်အသိပေးခြင်းမရှိဘဲ တပ်စွဲခြင်း၊ သွားလာလှုပ်ရှားခြင်းများ လုံးဝ မပြုလုပ်ရန် နောက်ဆုံးအနေဖြင့် သတိပေးကြောင်း ထုတ်ပြန်ထားသည်။

MDF အနေဖြင့် အကြိမ်ကြိမ် သတိပေးထုတ်ပြန်ထားသော်လည်း ၎င်းတို့နယ်မြေအတွင်း ကြိုတင်အသိပေးခြင်းမရှိဘဲ ဝင်ရောက်လှုပ်ရှာခြင်း တပ်စွဲခြင်းများနှင့် ရန်ပြုခြင်းများကို အကြိမ်ကြိမ် ပြုလုပ်သည်ဟု MDF က ဇန်နဝါရီလ ၁၈ ရက်က ထုတ်ပြန်သည်။

လက်ရှိတွင် MDF မှ ရဲဘော်များသည် လိုင်လင်ပီမြို့အနီးက ၉ မိုင်ရွာအနီးမှာ အင်အားအလုံးအရင်းဖြင့် နေရာချထားပြီး CDF- Mara မှ ရဲဘော်များကို ဆက်တိုက်ဖမ်းဆီးမှုများ လုပ်လာခြင်းသည် လိုင်လင်းပီမြို့ကို ထိန်းချုပ်ချင်၍ လုပ် ဆောင်လာခြင်းဖြစ်နိုင်သည်ဟု CDF- Mara မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လိုင်လင်ပီမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် လက်ရှိတွင် CDF – Mara နှင့် ချင်းအမျိုးသားတပ်ဦး CNF/ CNA တို့က ထိန်းချုပ်ထားသည်ဟု သိရသည်။

ချင်းပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNF/CNA၊ CDF- Mara၊ CDF- Matupi ၊ CDF- Lautu၊ CDF- Zophei၊ CDF- Thantlang ဒရုန်းတပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၁၉ ရက်တွင် ပြည်သူများကို ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ရန် အသိပေးပြီး လိုင်လင်းပီမြို့က ခလရ – ၃၀၄ အထိုင်စခန်းကို စတင်တိုက်ခိုက်ခဲ့ရာ ငါးရက်အကြာ နိုဝင်ဘာလ ၂၄ ရက်တွင် လိုင်လင်းပီမြို့ကို အပြီးသိမ်းနိုင်ခဲ့သည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ချိတ်ဆက်ဆောင်ရွက်ရာမှာ အဓိကအချက်အချာကျပြီး လေယာဉ်ကွင်းရှိသည့် လိုင်လင်းပီမြို့တွင် ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်နိုင်ရန် ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် CDF – Mara တို့ ပူးတွဲဆောင်ရွက်လျက်ရှိသည်။

CDF – Mara တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံထားရမှုနှင့်ပတ်သက်၍ MDF တာဝန်ရှိသူများထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးသောကြောင့် ထပ်မံဆက်သွယ်နေဆဲဖြစ်ပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.