Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရှာဟာမြို့က သုံးဘီးတက္ကစီယာဉ်မောင်းကို သတ်သွားသူမှာ မိန်းမခိုးပြေးရန် လာရောက်သူများဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

ရှာဟာမြို့က သုံးဘီးတက္ကစီယာဉ်မောင်းကို သတ်သွားသူမှာ မိန်းမခိုးပြေးရန် လာရောက်သူများဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်

0
By Editor on January 27, 2024 Khonumthung

မီဇိုရမ်ပြည်နယ်တောင်ပိုင်း မရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ရှာဟာ (Siaha) မြို့တွင် သုံးဘီးတက္ကစီယာဉ်မောင်းတစ်ဦးကို သတ်သွားသူ ၄ ဦး၏ အချက်အလက်ကို မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ ယမန်နေ့က ထုတ်ပြန်ကာ ၎င်းတို့သည် မိန်းမခိုးပြေးရန် ချင်းပြည်နယ်မှ ရောက်ကြသော ချင်းလူမျိုးများဖြစ်ကြသည်ဟု ဆိုသည်။

ရှာဟာမြို့ ECM ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် သုံးဘီးတက္ကစီ (Auto rickshaw) ယာဉ်မောင်း KL Zoasa သည် ဇန်န၀ါရီလ ၂၄ ရက်နေ့က ၎င်းတို့ ၄ ဦးက လောင်တလိုင်မြို့သို့ ငှါးရမ်းကာ သတ်ဖြတ်ခဲ့ကြသည်။

KL Zoasa ကိုသတ်ဖြတ်သူ ၄ ဦးစလုံးကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီဖြစ်ကာ ၎င်းတို့သည် စစ်ဘေးရှောင်များမဟုတ်ကြဘဲ ရခိုင်လူမျိုးများ AA နှင့်ပတ်သက်သူများဟု မီဇိုးကျောင်းသားသမဂ္ဂ MZP နှင့် စစ်ဘေးရှောင် ကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် NUA က ဇန်န၀ါရီလ ၂၅ ရက်ညမှာ ထုတ်ပြန်ခဲ့ကြသည်။

သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ မဟာမိတ်ရေးရာ၊ သတင်းပြန်ကြားရေးနှင့် ဖြန့်ချီရေးဌာနက ကျုးလွန်သူများ၏ သတင်းအချက်အလက်ကို စုံစမ်းခဲ့ရာတွင် ၎င်းတို့ ၄ ဦးစလုံးသည် ရခိုင်လူမျိုးများမဟုတ်ကြဘဲ ချင်းပြည်နယ် ပလက်၀မြို့နယ် မရာနယ်ကျေးရွာတစ်ရွာဖြစ်သည့် Raka ကျေးရွာတွင် နေထိုင်ကြသူများဟု သိရသည်။

၎င်းတို့သည် သူငယ်ချင်းဖြစ်သူအတွက် မိန်းမခိုးပြေးရန် ရှာဟာမြို့သို့ လာရောက်ကြသူများဖြစ်ကြပြီး ယခုကဲ့သို့ လူသတ်မှုကျူးလွန်ရသည့် အကြောင်းရင်းကိုမူ မသိရသေးပေ။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.