Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်၀မြို့နယ်ထဲက ဟုမ်းကျေးရွာကို စစ်ကောင်စီဗုံးကြဲ အရပ်သား ၇ ဦးသေဆုံး
ပုံစာ - ဟုမ်းကျေးရွာ

ပလက်၀မြို့နယ်ထဲက ဟုမ်းကျေးရွာကို စစ်ကောင်စီဗုံးကြဲ အရပ်သား ၇ ဦးသေဆုံး

0
By Editor on January 30, 2024 Headline

(006SV)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ဒေသက ဟုမ်းကျေးရွာကို ယမန်နေ့က စစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ် ဗုံကြဲတိုက်ခိုက်ရာ ပြည်သူ (၇) ဦး သေဆုံးသွားကြောင်း CDF – Daai မှ တာဝန်ရှိသူက ပြောသည်။

ပလက်ဝမြို့နယ်၊ CDF – Daai ထိန်းချုပ်နယ်မြေအတွင်းရှိ ဟုမ်းကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ပြည်သူ ၇ ဦး သေဆုံးကာ နေအိမ်များလည်း ထိခိုက်ပျက်စီးသွားကြောင်း CDF – Daai မှ တာဝန်ရှိသူက ပြောသည်။

“ကျနော်တို့ ထိန်းချုပ်နယ်မြေ မြစ်ကြောင်းတစ်လျှောက်လုံးကို ပစ်နေတာဆိုတော့ အဲဒါကို အဖြေရှာနေဆဲပဲ။ စဉ်းစား တာက အကြောင်းမဲ့ လာပစ်တာတော့ မဖြစ်နိုင်ဘူးပေါ့နော်။ အဲဒီလမ်းကြောင်းကို ရက္ခိုင်တပ်တော် AA က အရင်တုန်း က ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုဖူးတယ်။ အဲဒါကြောင့် ထောက်ပို့လမ်းကြောင်းကို မသုံးရဲအောင်လို့ ပစ်တာ လားလို့ ယူဆချက်ရှိတယ်။ နောက်တစ်ချက်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ပစ်တာပေါ့နော်” ဟု CDF- Daai မှ တာဝန်ရှိသူက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ ဓာတ်ဆီကယ်ရီသမားများဟု သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြု၍ မရနိုင်သေးပေ။

ဟုမ်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက မတူပီမြို့နယ် ထယ်ဘွေးစခန်းကို ချင်းပူးပေါင်းတပ်၏ တိုက်ခိုက်မှုနှင့် ပလက်ဝမြို့နယ်အတွင်းက တိုက်ပွဲများဖြစ်ပွားသည့်အချိန်တွင် တိုက်ခိုက်ခံခဲ့ရဖူးသည်။

အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ဟုမ်းကျေးရွာသည် ပလက်ဝ- မင်းတပ်-မတူပီမြို့နယ်များ၏ အစပ်တွင်တည်ရှိသော ကျေးရွာဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် MPT ဖုန်းလိုင်းတစ်ခုသာရပြီး ငွေဖြည့်ကဒ်များကို ဈေးပိုပေးဝယ်ယူနေရ

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.