Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပြည်သူ့စစ်မှုထမ်းဥပဒေ ယနေ့မှစ၍ အသက်၀င်အာဏာတည်ကြောင်း စစ်ကောင်စီထုတ်ပြန်

ပြည်သူ့စစ်မှုထမ်းဥပဒေ ယနေ့မှစ၍ အသက်၀င်အာဏာတည်ကြောင်း စစ်ကောင်စီထုတ်ပြန်

0
By Editor on February 10, 2024 Khonumthung

၂၀၁၀ ခုနှစ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရက ပြဌာန်းခဲ့သော ပြည်သူ့ စစ်မှုထမ်းဥပဒေကို ယနေ့ဖေဖော်၀ါရီလ ၁၀ ရက်နေ့ကစ၍ အသက်၀င်အာဏာတည်စေကြောင်း စစ်ကောင်စီက ယနေ့ အမိန့်ထုတ်ပြန်လိုက်သည်။

ယင်းဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသား/အမျိုးသမီးတိုင်းကို ၂ နှစ် စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်နိုင်သည်ဟု ဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ အခန်း (၁) တွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ဆိုသူမှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်း ကောင်းဟု ဖော်ပြထားသည်။

အခန်း (၂) တွင်လည်း စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄) လထက်မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများကို (၃၆) လထက် မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော ကျွမ်းကျင်သူများအား (၃၆) လထက်မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း ဥပဒေမှာ ပြဋ္ဌာန်းထားသည်။

ထို့အပြင် နိုင်ငံတော်တွင် အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို (၅) နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

မြန်မာ့နွေဦးတော်လှန်ရေးတွင် စစ်ရေးအရ အကြီးအကျယ် အထိနာနေသော စစ်ကောင်စီသည် တပ်သားအင်အား မလုံလောက်မှုကြောင့် ယခုကဲ့သို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလာခြင်းဖြစ်သည်ဟု ယူဆရသည်။

၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်းအက်ဥပဒေကို ရုပ်သိမ်းပြီး၊၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ လက်မှတ်ရေးထိုးပြဌာန်းခဲ့သည်။

အဆိုပါ ဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်ကြော်ငြာစာ အမှတ် ၂၇/၂၀၁၄ ဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့်နေ့အဖြစ် သတ်မှတ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မကွေး နတ်ရေကန်လေကြောင်းရန်တပ် ဗျူဟာကုန်းက ထွက်ပြေးလာသည့် စစ်သုံ့ပန်း ၂၃ ဦးကို ချင်းတော်လှန်ရေးတပ်ဖွဲ့က ထပ်မံဖမ်းမိ

ရေးဘေးသင့် ပလက်ဝစစ်ရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီများပေးအပ်

ကမ္ဘာလုံးဆိုင်ရာ လောက်တူညီလာခံကျင်ပရေးအပါဝင် မူဝါဒ၊ ရှေ့လုပ်ငန်းစဉ် ၃၀ ကျော်ချမှတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.