Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အမေရိကန်အခြေစိုက် Chin Baptist Churches အမျိုးသမီးဌာနက CYMA ထံ အလှူငွေပေးအပ်

အမေရိကန်အခြေစိုက် Chin Baptist Churches အမျိုးသမီးဌာနက CYMA ထံ အလှူငွေပေးအပ်

0
By Editor on February 13, 2024 Khonumthung

(005MK)

အမေရိကန်အခြေစိုက် Chin Baptist Churches အမျိုးသမီးဌာနက မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးတွင် အသုံးပြုရန် မီဇိုရမ်ပြည်နယ်က ဗဟိုမီဇိုးလူငယ်အစည်းအရုံး (Central Young Mizo Association) ထံသို့ အမေရိကန်ဒေါ်လာ ၆၀၀၀ (ရူပီးငွေ ၅၀၄၀၀၀) ယနေ့ ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေး၀ါးတိုက်ဖျက်ရေး ဆောင်ရွက်နေသော CYMA အဖွဲ့ကို Chin Baptist Churches အမျိုးသမီးဌာနအနေဖြင့် ယမန်နှစ်က ဆောင်ရွက်သကဲ့သို့ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀၀၀ နှုန်း လှူဒါန်းလေ့ရှိပြီး ယခုနှစ်တွင်လည်း ဇန်န၀ါရီလမှ ဇွန်လအထိ ၆ လစာအတွက် ဒေါ်လာ ၆၀၀၀ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

CYMA သည် မီဇိုရမ်ပြည်နယ်တွင် အင်အားအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်ပြီး မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးဌာနကို ဖွဲ့စည်းကာ မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးလုပ်ငန်းကို ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။

ယခုကဲ့သို့ အမေရိကန်အခြေစိုက် Chin Baptist Churches အမျိုးသမီးဌာနက ၎င်းတို့ဆောင်ရွက်နေသော မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်စေမည့် ငွေကြေးများ ပေးအပ်လှူဒါန်းသည့်အပေါ်အထူးကျေးဇူးတင်ကြောင်း၊ အကျိူးရှိစွာ အသုံးပြုသွားမည်ဟု CYMA က ဆိုသည်။

Chin Baptist Churches USA (CBCUSA) သည် အမေရိကန်အခြေစိုက် ချင်းဘုရားကျောင်း ၁၀၀ ကျော်ဖြင့် စုဖွဲ့ထားသော ဘာသာရေးအဖွဲ့အစည်းဖြစ်ပြီး အသင်းသူအသင်းသား ၃၅၀၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူများကိုလည်း အကူအညီများ ပေးအပ်လှူဒါန်းလေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.