Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦးသေဆုံး

ကလေးမြို့တွင် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦးသေဆုံး

0
By Editor on February 21, 2024 Khonumthung

(002MG)

စစ်ကိုင်းတိုင်း ကလေးမြို့ မွန်းလိုင် (Hmunlai) ရပ်ကွက်တွင် စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ရသည်ဟု သိရသည်။

ယနေ့ ဖေဖော်၀ါရီလ ၂၁ ရက်မနက်ပိုင်းကစ၍ ကလေးမြို့ပေါ်နှင့် ကလေးမြို့အနီး ကံကြီးကျေးရွာဘက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးများ တနေကုန်နီးပါး ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ညပိုင်း ၇ နာရီခွဲ၀န်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် မွန်းလိုင်ရပ်ကွက်က နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲကာ အိမ်ထဲနေထိုင်သူ ၂ ဦးနှင့် ဘေးအိမ်ကတစ်ဦး စုစုပေါင်း ၃ ဦး ထိမှန်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးကြောင့် သေဆုံးသူများမှာ အသက် ၅၀ အရွယ် Pu Lalnunthar၊ အသက် ၆၅ နှစ်အရွယ် Pi Than Cuai နှင့် အသက် ၁၆ နှစ်အရွယ် မ Monica Lalnunmawi တို့ဖြစ်ကြသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိသည်ဟုသိရပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်း ပါ၀င်သည်ဟု သိရသည်။

ယနေ့တရက်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့မြောက်ပိုင်း လက်ပံချောင်းနှင့် ပြည်တော်သာကျေးရွာက အရပ်သားပြည်သူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.