Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့တွင် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦးသေဆုံး

ကလေးမြို့တွင် လက်နက်ကြီးကြောင့် အရပ်သား ၃ ဦးသေဆုံး

0
By Editor on February 21, 2024 Khonumthung

(002MG)

စစ်ကိုင်းတိုင်း ကလေးမြို့ မွန်းလိုင် (Hmunlai) ရပ်ကွက်တွင် စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ရသည်ဟု သိရသည်။

ယနေ့ ဖေဖော်၀ါရီလ ၂၁ ရက်မနက်ပိုင်းကစ၍ ကလေးမြို့ပေါ်နှင့် ကလေးမြို့အနီး ကံကြီးကျေးရွာဘက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးများ တနေကုန်နီးပါး ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ညပိုင်း ၇ နာရီခွဲ၀န်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် မွန်းလိုင်ရပ်ကွက်က နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲကာ အိမ်ထဲနေထိုင်သူ ၂ ဦးနှင့် ဘေးအိမ်ကတစ်ဦး စုစုပေါင်း ၃ ဦး ထိမှန်သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

လက်နက်ကြီးကြောင့် သေဆုံးသူများမှာ အသက် ၅၀ အရွယ် Pu Lalnunthar၊ အသက် ၆၅ နှစ်အရွယ် Pi Than Cuai နှင့် အသက် ၁၆ နှစ်အရွယ် မ Monica Lalnunmawi တို့ဖြစ်ကြသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိသည်ဟုသိရပြီး အသက် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်း ပါ၀င်သည်ဟု သိရသည်။

ယနေ့တရက်တည်းတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့မြောက်ပိုင်း လက်ပံချောင်းနှင့် ပြည်တော်သာကျေးရွာက အရပ်သားပြည်သူ ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.