Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့တွင် အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

ဟားခါးမြို့တွင် အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်

0
By Editor on March 8, 2024 Khonumthung

(002MG)

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ရုန်းတောင်စစ်ဆေးရေးဂိတ်အနီးတွင် အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ ထန်တလန်မြို့နယ် မှောင်တလန်ကျေးရွာသား ဟားခါးမြို့တွင်နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးလွှန်မှုန်းဟုသိရပြီး ၎င်းသည် မတ်လ ၇ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီအခြေစိုက်ရာ ရုန်းတောင်ဘက်ကို ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ဓာတ်ဆီဆိုင်အနီးမှာ ပစ်သတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

ဟားခါးမြိုခံတဦးက “သူက ၂၆၆ တပ်ဖက်မှာ အသွားအလာလုပ်တဲ့အခါကျတော့ အပစ်ခံရတာ၊ သူ့ အလောင်းတောင် အခုထိ ဆေးရုံမှာ ထုတ်လို့မရသေးဘူး။ အဲ့ဖက်က စစ်တပ်ဂိတ် ဖက်ဆိုတော့ ဒီမှာက ည (၆) နာရီနောက်ပိုင်းအပြင် မထွက်ရဘူးလေ ထွက်ရင်တော့ ဖမ်းတာ၊ ပစ်တာတို့လုပ်တယ်” ဟု ပြောသည်။

ဦးလွှန်မှုန်းသည် ဟားခါးမြို့မြေစာရင်းရုံးမှ အစိုးရ ဝန်ထမ်းဟောင်းတဦးဖြစ်သည်ဟု သိရသည်။

လက်ရှိမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းကင်းလှည့်ခြင်း၊ လမ်းဆုံလမ်းခွနေရာများတွင် စစ်ဆေးရေးများ ပြုလုပ်နေသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.