Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်တွင် စစ်ကောင်စီက အိမ်ထောင်စုစာရင်းကောက်ခံ၊ ပါဝင်ပတ်သက်သူများ၏ လုံခြုံရေးအာမခံမည်မဟုတ်ဟု CNC (Mindat) သတိပေး
ပုံစာ - ချင်းအမျိုးသားကောင်စီ (မင်းတပ်) မှ ထုတ်ပြန်သည့် ကြေညာချက်အမှတ် (၂/၂၀၂၄)

မင်းတပ်တွင် စစ်ကောင်စီက အိမ်ထောင်စုစာရင်းကောက်ခံ၊ ပါဝင်ပတ်သက်သူများ၏ လုံခြုံရေးအာမခံမည်မဟုတ်ဟု CNC (Mindat) သတိပေး

0
By Editor on March 28, 2024 Khonumthung

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီက တအိမ်ဝင်တအိမ်ထွက်ဖြင့် အိမ်ထောင်စုစာရင်းကောက်ခံစစ်ဆေးမှုများ ပြုလုပ်နေပြီး ယင်းတွင် ပါဝင်သူများ၏ လုံခြုံရေး အာမခံမည်မဟုတ်ကြောင်း ချင်းအမျိုးသားကောင်စီ (မင်းတပ်) က သတိပေးလိုက်သည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး မြန်မာနိုင်ငံတဝန်းလုံးရှိ လူငယ်လူရွယ်များကို အတင်းဓမ္မ တပ်သားသစ် စုဆောင်းနေသဖြင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မူများ ကြုံတွေ့နေကြရပြီး မင်းတပ်မြို့ပေါ် ရပ်ကွက်များတွင်လည်း စစ်ကောင်စီတပ်သားများ၊ ရဲသားများနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များမှ တအိမ်၀င်တအိမ်ထွက်ဖြင့် အိမ်ထောင်စုစာရင်းများ ကောက်ခံစစ်ဆေးနေသည်ဟု CNC (Mindat) က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီသည် မင်းတပ်မြို့ စံပြရပ်ကွက်ဖက်တွင် ယခုပတ်ထဲမှာ အိမ်ထောင်စုစာရင်းများကို ဌာနဆိုင်ရာအဖွဲ့ဝင်နှင့် လိုက်လံ ကောက်ခံနေသည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

“လူဦးရေ ဘယ်နှစ်ယောက်ရှိသလဲ၊ အသက်အရွယ် ဘယ်လောက်ရှိကြလဲ ဆိုပြီးကောက် ကြတာ။လုပ်ငန်းသဘောအရ အပေါ်တင်ပြဖို့အတွက် သဘောတရားအရ ကောက်ကြတယ် တရက်ထဲပဲ သွား လာကြတာ။အဲ့နောက် ဆက်ကောက် တာတော့မရှိတော့ဘူး” ဟု မင်းတပ်မြို့ခံကပြောသည်။

မင်းတပ်မြို့နယ်တွင် စစ်မှုထမ်းဉပဒေအား အသက်သွင်းရန် ကြိုးစားနေခြင်းကို ချင်းအမျိုးသားကောင်စီ (မင်းတပ်) က လက်ခံမည်မဟုတ်ဘဲ ထိုကဲ့သို့ အတင်းအဓမ္မတပ်သားသစ်စုဆောင်းရာတွင် ပါ၀င်ပတ်သက်ခဲ့မည်ဆိုပါကလည်း ထိုသူတစ်ဦးချင်းစီ၏ လုံခြုံရေးကို အာမခံမည်မဟုတ်ကြောင်း ကြိုတင်သတိပေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်စသည့်မြို့ကြီးများတွင်လည်း စစ်မှုထမ်းရန်လူဦးရေစာရင်း ကောက်ခံမှုများရှိနေပြီး တီးတိန်မြို့မှာတော့ စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း (၅) ဦးကို PDF Zoland တပ်ဖွဲ့က မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.