Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တော်လှန်ရေး ၃ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်းကိုသုတ်သင်ရှင်းလင်းဟု CNO/CNDF ပြော၊ စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲပေါင်း ၁၇၀ ကျော်တွင် CNDF ရဲဘော် ၄၀ ကျော် မသန်စွမ်းဖြစ်ခဲ့ရ

တော်လှန်ရေး ၃ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်းကိုသုတ်သင်ရှင်းလင်းဟု CNO/CNDF ပြော၊ စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲပေါင်း ၁၇၀ ကျော်တွင် CNDF ရဲဘော် ၄၀ ကျော် မသန်စွမ်းဖြစ်ခဲ့ရ

0
By Editor on April 16, 2024 Headline

(006SV)

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF အနေဖြင့် တော်လှန်ရေး ၃ နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၁၇၀ ကျော် ပါဝင်ဆင်နွှဲခဲ့ရာတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်းကို သုတ်သင်ရှင်းလင်း နိုင်ခဲ့သည်ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။

“စစ်ကောင်စီဖက်အသေအကြေကတော့ ၃ နှစ်အတွင်းမှာ အတိအကျကြီး ပြောလို့တော့ မရပေမယ့် ခန့်မှန်းခြေက ၇၀၀ နဲ့ ၁၀၀၀ ကြားတော့ သေကြပါလိမ့်မယ်”ဟု ဆလိုင်းကျုံးငိုင်က ပြောသည်။

နွေဦးတော်လှန်ရေး ၃ နှစ်ကာလအတွင်း စခန်းသိမ်းတိုက်ပွဲ ၉ ကြိမ် အပါအဝင် ၁၇၀ ကျော်သော တိုက်ပွဲများအတွင်း ကျဆုံးရဲဘော် အပါအဝင် အမျိုးသားတာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးသူ CNDF ရဲဘော် ၄၈ ဦးရှိခဲ့ပြီး မသန်စွမ်းဖြစ်ခဲ့ရသူ ရဲဘော် ၄၂ ဦးထိ ရှိခဲ့သည်ဟုသိရသည်။

တိုင်းပြည်နှင့် အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့ရာမှ မျက်စီကွယ်သွားသော ရဲဘော်များ ကို မျက်မမြင်ကျောင်း ထားပေးခြင်း၊ ရဲဘော်များကို ခြေတု လက်တုများ တပ်ဆင်ပေးခြင်းနှင့် လိုအပ်သော ဆေးဝါး ကုသမှုများကို ပြုလုပ်ပေးနေကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။

“မျက်မမြင်တဲ့ ရဲဘော်တွေကို မျက်မမြင်ကျောင်းထားပေးပြီး အသက်မွေးဝမ်းကျောင်းနိုင်တဲ့အထိ ကျောင်းထားပေး တာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ ခြေတု၊လက်တု တပ်ဆင်ပေးတာမျိုးတွေ လုပ်နေပါတယ်။ ခြေလက်အင်္ဂါ မစုံတဲ့ သူတွေကိုတော့ သူတို့ တာဝန်ထမ်းဆောင်ချင်ရင် သူတို့နဲ့ သင့်တော်တဲ့ ဌာနမှာ ပြန်လည် တာဝန်ထမ်းဆောင်စေပါ တယ်” ဟု သူက ပြောသည်။

မျက်မမြင်ရဲဘော်များအတွက် ကျောင်းထားပေးသည့် စရိတ်များ၊ ခြေတုလက်တု တပ်ဆင်ပေးရန်နှင့် ဆေးဝါးကုသရန် ကုန်ကျစရိတ်များ ရှိနေသည့်အတွက် ငွေကြေးထောက်ပံ့မှုများလည်း လိုအပ်နေကြောင်း သိရသည်။

CNO/CNDF သည် ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသများတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသော ပြည်သူ့အုပ်ချုပ်ရေးစနစ်များကို အကောင်အထည်ဖော်ခဲ့ရာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုကယ်ဆယ်စောင့်ရှောက်ရေးများကို တပိုင်တနိုင် ဆောင်ရွက်လာနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘေးရန်နှင့် ချင်းမျိုးနွယ်စုများအကြား စည်းလုံးမှု ပြိုကွဲစေရန် သွေးထိုးနေသူများ၏ ဘေးရန်ကို ဟန်ချက်ညီညီ ထိန်းသိမ်းကာကွယ်နေကြောင်း CNO/CNDF ထုတ်ပြန်ပါသည်။

ချင်းညီနောင်မှတဆင့် ချင်ပြည်စုစည်းတည်ထောင်ပြီး ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး CRPH၊ NUCC၊ NUG ၊ ICNCC တို့နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EROs) များအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ချင်းအမျိုးသားများ၏ အကျိုးစီးပွားကာကွယ်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ပူးပေါင်းထိုင်သူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေသကဲ့သို့ စစ်ကောင်စီအပါအဝင် မည်ကဲ့သို့သော အာဏာရှင်မျိုးကိုမဆို တွန်းလှန်ချေမှုန်းသွားမည်ဖြစ်ကြောင်း CNO/CNDF က ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.