Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးရှောင်များ လိုက်နာရမည့် အချက် ၈ ချက် CYMA က ထုတ်ပြန်

စစ်ဘေးရှောင်များ လိုက်နာရမည့် အချက် ၈ ချက် CYMA က ထုတ်ပြန်

0
By Editor on April 18, 2024 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော မြန်မာ၊ ဘဂ်လားရှေဒ့်နှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင်များ လိုက်နာရမည့် အချက် ၈ ချက်ကို ဗဟိုမီဇိုးလူငယ်အသင်း (CYMA) က ယနေ့ထုတ်ပြန်လိုက်သည်။

မြန်မာ၊ ဘဂ်လားဒေရှ့်နိုင်ငံနှင့် မဏိပူရ်ပြည်နယ်တို့မှ မိမိအသက်လုံခြုံရေးအတွက် မီဇိုရမ်ပြည်နယ်သို့ ခိုလုံလာကြသော စစ်ဘေးရှောင်များအနေဖြင့် မီဇိုရမ်ပြည်နယ်၌နေထိုင်စဉ်ကာလအတွင်း ပြည်နယ်၏တည်ဆဲဥပဒေနှင့် စည်းမျဉ်း စည်း ကမ်းများကို လိုက်နာရမည်ဖြစ်ပြီး အစိုးရနှင့် ရပ်ရွာပြည်သူများမနှစ်သက်သောပုံစံဖြင့် နေထိုင်ခြင်းမပြုကြရန် CYMA က ပြောသည်။

စစ်ဘေးရှောင်များသည် ဒေသန္တရဥပဒေနှင့် မလျှော်ညီသော ကူးသန်းရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းများမပြုရန်၊ ဒေသန္တရအစိုးရ၊ ဒေသခံပြည်သူများနှင့်လိုက်‌လျောညီထွေစွာနေထိုင်မှုပြုရန်၊ အစိုးရနှင့် CYMA ၏ အသိမှတ်ပြုခွင့်ပြုချက်ရရှိမှသာ စစ်ဘေးရှောင်များအနေဖြင့် မြေကွက်နှင့် အိုးအိမ်ပိုင်ဆိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

ထို့အပြင် အိမ်၊ ဆိုင်ခန်းငှားရမ်းသည့်နေရာမှာလည်း ကာလပေါက်စေျးထက်ပိုသော စေ◌ျးနှုန်းများဖြင့်ငှါးရမ်းခြင်း မပြုရန်၊ မြန်မာ နှင့် ဘဂ်လာဒေရှ့်နိုင်ငံမှ ခိုလုံလာကြသော စစ်ဘေးရှောင်များသည် အိန္ဒိယနိုင်ငံသားများမဟုတ်ကြသည့် အတွက် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော Voter ID, Aadhaar Card, Birth Certificate, Tribal Certificate, Residential Certificate, Driving License နှင့် Vehicle Registration စသည့်စာရွက်စာတမ်း သက်သေအထောက်အထားများရရှိရန် ကြိုးပမ်းဆောင်ရွက်မှုမပြုကြရန် တောင်းဆိုထားသည်။

စစ်ဘေးရှောင်များအနေဖြင့် တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပိုင်းတွင် အစိုးရနှင့် ရပ်ရွာအဖွဲ့ အစည်းများအား အစွမ်းကုန်ပူးပေါင်းဆောင်ရွက်ကြရန်၊ စစ်ဘေးရှောင်များသည် မိမိသဘောဆန္ဒအလျှောက် ရွှေ့ပြောင်းနေထိုင်ခြင်းမပြုရန်လည်း CYMA ကတောင်းဆိုထားသည်။

မီဇိုရမ်ပြည်နယ် ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ Sub-YMA အဖွဲ့အစည်းများအနေဖြင့် မိမိတို့ဒေသအတွင်းရှိ စစ်ဘေးရှောင်များ၏ အခြေအနေများကို အမြဲမပြတ်လေ့လာစောင့်ကြည့်လျှက် လုပ်ဆောင်ပေးနိုင်သော အကူအညီများကို စည်းကမ်း နှင့်အညီ တတ်နိုင်သရွေ့ အကောင်းဆုံးပံ့ပိုးပေးကြရန်လည်း CYMA က မေတ္တာရပ်ခံထားသည်။

ဗဟိုမီဇိုးလူငယ်အသင်း (CYMA) သည် မီဇိုရမ်ပြည်နယ်တွင် ဩဇာအာဏာအရှိဆုံး အရပ်ဖက်အဖွဲ့အစည်းဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုပေးနေသည့်အဖွဲ့လည်းဖြစ်သည်။

ယခုလက်ရှိမီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်၊ ဘဂ်လားဒေရှ့်နိုင်ငံက စစ်ဘေးရှောင်တစ်ထောင်ကျော် နှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် တစ်သောင်းကျော် ခိုလုံလျှက်ရှိကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးဟု စွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း CNF ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.