Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့၊ ပျဉ်းတောဦးကျေးရွာထဲ လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲ အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရ

ကလေးမြို့၊ ပျဉ်းတောဦးကျေးရွာထဲ လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲ အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရ

0
By Editor on April 25, 2024 Khonumthung

(005MK)

ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦး (Tuingo) ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးထပ်မံသေဆုံးပြီး တစ်ဦးမှာပြင်းထန်ဒဏ်ရာရရှိကြောင်းသိရသည်။

ယနေ့ဧပြီလ ၂၅ ရက်နေ့လည်ပိုင်းတွင် ပျဉ်းတောဦးကျေးရွာထဲ စစ်ကောင်စီ၏ လက်နက်ကြီး ၂ ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ပထမအကြိမ်ပေါက်ကွဲမှုတွင် ဆိုင်ကယ်စီးနေသောအမျိုးသားနှစ်ဦးထိမှန်ကာ တစ်ဦးမှာသေဆုံးသွားပြီး ကျန်တစ်ဦးမှာလည်း စိုးရိမ်ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဒေသခံများထံမှသိရသည်။

“မနေ့က ရွာထဲမှာလက်နက်ကြီးကျပြီး သေဆုံးမှုတွေကြောင့် တရွာလုံးဝမ်းနည်းပူဆွေးနေကြတဲ့အချိန်မှာ ဒီကနေ့မှာလည်း ရွာထဲကို လက်နက်ကြီး ၂ နေရာမှာထပ်မံကျလာတယ် တစ်ယောက်ကတော့သေသွားတယ်၊ ကျန်တဲ့တစ်ယောက်တော့ အသက်ကယ်လို့အချိန်မီနိုင်မယ်လို့မျှော်လင့်ရတယ်’’ ဟု ပျဉ်းတောဦးဒေသခံတစ်ဦးက သူ၏လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။

ဒုတိယအကြိမ်ကျရောက်ပေါက်ပွဲမှုတွင် လူထိခိုက်မှုမရှိသော်လည်း လူနေအိမ်တစ်လုံးထိမှန်ကာ မီးလောင်ပြာကျခဲ့ရသည်ဟုသိရသည်။

ကလေးမြို့မှ ၁၂ မိုင်ခန့်ကွာဝေးသော ပျဉ်းတောဦးကျေးရွာတွင် ယမန်နေ့ညနေပိုင်း ၄ နာရီခန့်က လက်နက်ကြီး ၃ ကြိမ်ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၀ နှစ်အရွယ်ကလေးငယ် ၂ ဦးနှင့် အဘိုးအိုတစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုဧပြီလဆန်းပိုင်းကစ၍ ကလေးမြို့မြောက်ပိုင်းဒေသ ကလေး-လက်ပံချောင်း ကားလမ်းမပေါ်ရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပျဉ်းခုံကြီး၊ ယောက်ချိုကွင်း၊ မိုင်နွဲ စသည့်ကျေးရွာများကို မီးရှို့ဖျက်စီးခဲ့သည်။

ဒေသခံပြည်သူများသည် နီးစပ်တောတောင်များ၊ ကလေးမြို့ပေါ်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်တို့တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.