Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာ နယ်စပ်ပိတ်ပင်မှုကို အိန္ဒိယက ပြန်လည်ရုပ်သိမ်း၊ ရိ-ဇိုခေါထာရ် နယ်စပ်ဂိတ်တံတား ပြန်ဖွင့်

အိန္ဒိယ-မြန်မာ နယ်စပ်ပိတ်ပင်မှုကို အိန္ဒိယက ပြန်လည်ရုပ်သိမ်း၊ ရိ-ဇိုခေါထာရ် နယ်စပ်ဂိတ်တံတား ပြန်ဖွင့်

0
By Editor on April 25, 2024 Headline

(005MK)

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားခွင့်ပိတ်ပင်မှုကို အိန္ဒိယဗဟိုအစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပြီး ယနေ့မွန်းလွဲပိုင်းကစ၍ ရိ-ဇိုခေါထာရ် ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည်ဖွင့်ပေးလိုက်ပြီဟု သိရသည်။

အိန္ဒိယနိုင်ငံမှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျင်းပမှုကို အကြောင်းပြကာ အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန် သွယ်ရေးစခန်း တည်ရှိရာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို ဧပြီလ ၁၇ ရက်မှ ၁၉ ရက်နေ့အထိ ပိတ်ပင်ခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ရိဒ်-ဇိုခေါထာရ် ချစ်ကြည်ရေး တံတားကို ပြန်ဖွင့်ခဲ့ သော်လည်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အရဟုဆိုကာ အာသံရိုင်ဖယ်တပ်ဖွဲ့က နှစ်နိုင်ငံဝင်ထွက်သွား လာခွင့်ကို တင်းကြပ်လိုက်ပြီး မြန်မာဘက်ခြမ်းက ကျောင်းသူ၊ ကျောင်းသားနှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေများကိုသာ ခြွင်းချက်အဖြစ် နယ်စပ်ဖြတ်ကျော်ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

အာသံရိုင်ဖယ်တပ်ဖွဲ့က မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ထဲက နယ်စပ်အနီးကျေးရွာများမှ ရပ်ရွာလူကြီးများ၊ အုပ်ချုပ်ရေးအဖွဲ့များအား ခေါ်ယူတွေ့ဆုံကာ အိန္ဒိယ-မြန်မာနယ်စပ်ကို ဧပြီလ ၂၀ ရက်မှ ၃၀ ရက်နေ့အထိ နားလည်မှု ကာလအဖြစ်သတ်မှတ်ကာ ဝင်ထွက်သွားလာခွင့်ပြုထားမည်ဖြစ်သော်လည်း မေလ ၁ ရက်နေ့ကစ၍ ပိတ်ပင်သွားမည်ဟု ပြောဆိုခဲ့သည်။

သို့သော်လည်း ယနေ့ဧပြီလ ၂၅ ရက်နေ့မွန်းလွဲပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးစခန်း ချင်းပြည်နယ် ဖလမ်း မြို့နယ်က ရိခေါဒါရ်မြို့နှင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာကြား ရိ-ဇိုခေါထာရ် နယ်စပ်ဂိတ် တံတား ကို အိန္ဒိယဘက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု မီဇိုရမ်ရုပ်သံသတင်းဌာန Zonet က ကြေညာသည်။

ယနေ့မွန်းလွဲပိုင်းကစ၍ ရိ-ဇိုခေါထာရ် နယ်စပ်ဂိတ်တံတားမှတဆင့် နှစ်နိုင်ငံပြည်သူများနှင့် ကုန်ပစ္စည်းများလည်း ယခင်အတိုင်းပြန်လည်ဝင်ထွက်ခွင့်ရှိပြီဟု သိရသည်။

ထို့အပြင် မေလ ၁ ရက်နေ့ကစ၍ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် နှစ်နိုင်ငံဝင်ထွက်သွားလာ၍ရသော နယ်စပ် လမ်း ကြောင်းအားလုံးကို ပိတ်ပင်သွားမည်ဟု ပြောဆိုမှုကိုလည်း အိန္ဒိယဗဟိုအစိုးရက ပြန်လည်ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

အိန္ဒိယ-မြန်မာနယ်စပ်ကို ပိတ်ပင်မည်ဆိုပါက မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ်က နယ်စပ်အနီးတွင်တည်ရှိသော ဒေသခံပြည်သူများ၏ နေ့စဉ်စားဝတ်နေရေးရှာဖွေမှုအပေါ် အကြီးအကျယ် ရိုက်ခတ်နိုင်သည့်အတွက် ဒေသခံပြည်သူများနှင့် ရပ်ရွာအဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ မီဇိုးလူငယ်အသင်း (YMA) ကလည်း အိန္ဒိယဗဟိုအစိုးရ၏ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ကန့်ကွက်ထားပြီး ယင်းကိစ္စကို မေလ ၄ ရက်နေ့တွင် ၎င်းတို့အဖွဲ့အတွင်း ဆွေးနွေးကြမည်ဟု သိရသည်။

မီဇိုးကျောင်းသားသမဂ္ဂ (MZP) ကလည်း နယ်စပ်ပိတ်ပင်မှုကို မလိုလားကြောင်း အာသံရိုင်ဖယ်တပ်ဖွဲ့ထံ တင်ပြခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.