Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့၊ ပြည်တော်သာရွာကို စစ်ကောင်စီမီးရှို့၊ အရပ်သား ၂ ဦးသတ်ဖြတ်ခံရ

ကလေးမြို့၊ ပြည်တော်သာရွာကို စစ်ကောင်စီမီးရှို့၊ အရပ်သား ၂ ဦးသတ်ဖြတ်ခံရ

0
By Editor on May 3, 2024 Khonumthung

ကလေးမြို့မြောက်ပိုင်းဒေသ ကလေး-လက်ပံချောင်း ကားလမ်းမပေါ်မှာတည်ရှိသော ပြည်တော်သာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့နေပြီး အရပ်သား ၂ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

အင်အား ၁၀၀ ကျော်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၃၀ ရက်နေ့က ပြည်တော်သာကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။

ထို့နောက် မေလ ၁ ရက်နေ့ကစ၍ ၂ ရက်နေ့ညပိုင်းအထိ ပြည်တော်သာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက စတင်မီးရှို့ခဲ့ကြပြီး အိမ်ခြေမည်မျှလောင်ကျွမ်းသွားသည်ကို မသိရသေးပေ။

ထို့အပြင် မေလ ၂ ရက်နေ့တွင် ပြည်တော်သာကျေးရွာသား ၂ ဦးအား စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“စိတ်ပိုင်းဆိုင်ရာမသန်စွမ်း အမျိုးသား ၂ယောက် အသတ်ခံရတယ်၊ အသက် က ၄၀ ပတ်ဝန်းကျင်လောက်ပါ။သူတို့က ရွာထဲမှာ ကျန်ခဲ့ကြတာ၊ သူတို့ရွာမှာလဲ ဟိုဖက် (စကစ) က တပ်စွဲထားတုန်းပဲလေ” ဟု ယင်းဒေသခံကပြောသည်။

ယခုလက်ရှိတွင် စစ်ရေးအခြေအနေတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြောက်ပိုင်းဒေသကို ဆက်လက်ထိုးစစ်ဆင်မည့်အနေအထားရှိသည်ဟု သိရသည်။

ထို့ကြောင့် ကလေးမြောက်ပိုင်းဒေသတွင်နေထိုင်ကြသော ဒေသခံပြည်သူများသည် ကလေးမြို့ပေါ်နှင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ အလုံးအရင်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.