Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့ ဒကစရုံးနှင့် စစ်ကောင်စီအထိုင်တပ်စခန်းများကို Fixed Wing Drone ဖြင့် တိုက်ခိုက်

ကလေးမြို့ ဒကစရုံးနှင့် စစ်ကောင်စီအထိုင်တပ်စခန်းများကို Fixed Wing Drone ဖြင့် တိုက်ခိုက်

0
By Editor on May 6, 2024 Headline

ကလေးမြို့ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်ရုံးနှင့် စစ်ကောင်စီတပ်အထိုင်ချစခန်းများကို ယနေ့ မေလ ၆ ရက်နေ့တွင် Fixed Wing Drone (မောင်းသူမဲ့လေယာဉ်ငယ်) များအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Wings of Kalay က ထုတ်ပြန်သည်။

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team) နှင့်အတူ Kalay Revolution Force (KRF) ကလေးဒေသတော်လှန်ရေးတပ်၊ မြို့ပြစီမံချက် UG အဖွဲ့၊ ကလးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပူးပေါင်း၍ Fixed Wing Drone များ အသုံးပြုကာ Air Bomb များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့အတွင်းရှိ ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် ကလေး (ရုံး) သို့ ဗုံးသီး (၂) လုံး၊ စစ်ကောင်စီ၏ ထောက်ပို့ယာဉ် ဆင်းနေချိန်အတွင်း ကလေးမြို့ လေယာဉ်ကွင်းအတွင်းသို့ ဗုံးသီး (၄) လုံး၊ အမှတ် (၆၄၄) စစ်လက်နက်ပစ္စည်းတပ်စုအား ဗုံးသီး (၃) လုံး စုစုပေါင်း ဗုံးသီး ၉ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီဖက်မှ ထိခိုက်ဒဏ်ရာရရှိမှုရှိမရှိ စုံစမ်းဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်မှ လေယာဉ်ငယ်တစ်စီး ဆုံးရှုံး ကာ ဘေးကင်းစွာဖြင့် အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု Wings of Kalay ကထုတ်ပြန်သည်။

ပြီးခဲ့သည့် မေလ (၂) ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာရှိ စစ်ကောင်စီအထိုင်တပ်စခန်းအား ဗုံးသီး (၂) လုံး၊ ကြံသာရွာမှ အောင်မင်္ဂလာရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ စစ်ကြောင်းအား ဗုံးသီး (၄) လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ ဒကစရုံးသို့ စစ်လက်နက်ပစ္စည်းများ ဖြည့်တင်းမှုရှိသည်ဟု သိရပြီး မေလ ၄ ရက်မှ ၆ ရက်နေ့အထိ စစ်သုံးလေယာဥ် (Y-8) အမျိုးစား Military Transport Aircraft နံပါတ် (၅၈၁၉) ဖြင့် လက်နက်၊ ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ လာရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယခုလက်ရှိတွင် ကလေးမြို့မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် စစ်ရေးအခြေအနေတင်းမာနေပြီး မြို့ပေါ်မှာလည်း လုံခြုံးရေးတင်းကြပ်ထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.