Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် FMR ဖျက်သိမ်းမှုဆန့်ကျင်ကြောင်း နှစ်နိုင်ငံပြည်သူများ နယ်စပ်တွင် ဆန္ဒဖော်ထုတ်

အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်နှင့် FMR ဖျက်သိမ်းမှုဆန့်ကျင်ကြောင်း နှစ်နိုင်ငံပြည်သူများ နယ်စပ်တွင် ဆန္ဒဖော်ထုတ်

0
By Editor on May 16, 2024 Khonumthung

(005MK)

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် FMR စနစ်ဖျက်သိမ်းမှုနှင့် နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယ ဗဟိုအစိုးရအစီစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Zo Reunification Organization (ZORO) အဖွဲ့က ဦးဆောင်ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တွင် ယနေ့ မေလ ၁၆ ရက်နေ့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယနေ့ဆန္ဒဖော်ထုတ်မှုကို အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်း ဇိုခေါထာရ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြပြီး ရာနှင့်ချီသော မီဇိုရမ်နှင့် ချင်းပြည်နယ်က ပြည်သူများက FMR ဖျက်သိမ်းမှုကို ဆန့်ကျင်ကြောင်း၊ နယ်စပ်ခြံစည်းရိုး ခတ်မည့်အစီစဉ်ကို ဆန့်ကျင်ကြောင်း၊ ညီအကိုများအား ပိုင်ခြား၍မရကြောင်း စသည့် စာတမ်းများကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

Zo Reunification Organization (ZORO) ဥက္ကဌ Pu R. Sangkawia က အိန္ဒိယ-မြန်မာ-ဘဂ်လားရှေ့်နိုင်ငံတွင် နေထိုင်ကြသော ဇိုး(ချင်း) မျိုးနွယ်စုများသည် တအူတုံဆင်းညီရင်းအကိုများဖြစ်ကြပြီး မိမိတို့မျိုးနွယ်စုများအား မည်သည့်အရာကမှပိုင်ခြား၍မရကြောင်း၊ အိန္ဒိယဗဟိုးအစိုးရက FMR ဖျက်သိမ်းပြီး နယ်စပ်ခြံစည်းရိုးခတ်ရန် စီစဉ်ခြင်းသည်ဟု ကုလသမဂ္ဂဌာနေတိုင်းရင်းသားဆိုင်ရာကြေညာစာတမ်းအား ချိုးဖောက်ခြင်းဖြစ်သည်ဟု ယနေ့ပြုလုပ်သော ဆန္ဒဖော်ထုတ်မှုတွင် ပြောဆိုခဲ့သည်။

ထို့အပြင် ယနေ့ဆန္ဒဖော်ထုတ်မှုသည် မိမိတို့၏ အခွင့်အရေးအား ထိန်းသိမ်းကာကွယ်ခြင်းဖြစ်ကြောင်း ZORO ဥက္ကဌက ပြောဆိုသည်။

အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့် Free Movement Regime အစီအစဉ်ကို ၁၉၇၀ ခုနှစ်များအတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအရ အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် တဘက်တချက်စီ၏ နိုင်ငံအတွင်းကို ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ ၁၆ ကီလိုမီတာအထိ အတားအဆီးမရှိ ဝင်ရောက် သွားလာခွင့် ပြုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ထိစပ်နေသော မီဇိုရမ်အပါအ၀င် အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ ပြည်နယ် ၄ ခုက ဒေသခံများအနေဖြင့် Free Movement Regime ဟုခေါ်သော နှစ်ပေါင်း ၄၀ ကျော် အတားအဆီးမရှိ နယ်စပ်ကို ဖြတ်သန်းသွားလာခွင့်ရှိခဲ့သည့် အစဉ်အလာကို ဖျက်သိမ်းကာ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ရန် အိန္ဒိယဗဟိုအစိုးရက စီစဉ်လာခြင်းဖြစ်သည်။

ယနေ့ ဆန္ဒဖော်ထုတ်မှုတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်အကြံပေး လွှတ်တော်ကိုယ်စားလှယ် Pu Lalmuanpuia Punte၊ ကျန်ဖိုင်းခရိုင် လွှတ်တော်ကိုယ်စားလှယ်နှင့် အရပ်ဖက်အဖွဲ့အစည်းများက တာဝန်ရှိသူများကလည်း FMR စနစ်ဖျက်သိမ်း မှုနှင့် နယ်စပ်ခြံစည်းရိုးခတ်မည့် အိန္ဒိယ ဗဟိုအစိုးရအစီစဉ်ကို ဆန့်ကျင်သည့် မိန့်ခွန်းများ ပြောဆိုခဲ့ကြသည်။

Zo Reunification Organization (ZoRO) အဖွဲ့သည် ဗြိတိသျှအစိုးရ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်မှုကြောင့် အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့် စသည့် ၃ နိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ ပြန်လည်ပေါင်းစည်းနေထိုင်ရေး လိုလားသောအဖွဲ့ဖြစ်ပြီး ယင်းအတွက် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.