Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့နယ်၊ မှောင်တလန်‌ကျေးရွာတွင် ပျဉ်ထောင်အိမ် ၄ လုံးမီးလောင်ပြာကျ

ထန်တလန်မြို့နယ်၊ မှောင်တလန်‌ကျေးရွာတွင် ပျဉ်ထောင်အိမ် ၄ လုံးမီးလောင်ပြာကျ

0
By Editor on May 17, 2024 Khonumthung

(004SS)

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ဇိုဖေဒေသရှိ မှောင်တလန်‌ေကျးရွာတွင် ကျေးရွာအုပ်စုစာ‌ေရးရုံးအပါအဝင် ပျဉ်ထောင်အိမ် ၄ လုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မေလ ၁၇ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် မီးစတင်လောင်ခြင်းဟု သိရပြီး မှောင်တလန်ကျေးရွာ အုပ်စု စာရေးရုံး၊ လမ်းစုံအနီးရှိ ဦးလျန်လွှန်၊ ဦးဘွေကုန်း နှင့် ဆရာမ အာသဲတို့နေအိမ်မီးလောင်းပြာကျခဲ့ခြင်းဖြစ်သည်။

ဦးဘွေကုန်းနေအိမ်မှာ အသစ်ဆောက်လုပ်ပြီးစ ပျဉ်ထောင်အိမ် ၃ ထပ်ဖြစ်ကာ လူနေထိုင်ခြင်းပင် မရှိသေးကြောင်း ဒေသခံများက ပြောသည်။

မီးလောင်မှုကြောင့် လူထိခိုက်သေဆုံးခြင်းမရှိကြောင်း သိရပြီး အိမ်သုံးပစ္စည်းအချို့ကိုသာ ဆယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

မီးစတင်လောင်ကျွမ်းသည့် အကြောင်းရင်းကို မသိရသေးဘဲ ဒေသခံပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာမှာ မီးငြိမ်နိုင်ခဲ့ကြောင်း သိရသည်။

မှောင်တလန်ရွာသည် ထန်တလန်မြို့မှ မတူပီမြို့သို့သွားရာလမ်းမပေါ်တည်ရှိသော ကျေးရွာဖြစ်ပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည်။

ယခင်က ရဲစခန်းတည်ရှိရာ ရွာဖြစ်သော်လည်း နွေဦးတော်လှန်ရေးလှုပ်ရှားပြီးနောက် ထိုရဲစခန်းရှိ ရဲများ စခန်းစွန့်ခွာသွားခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကန်ပက်လက်မြို့လေကြောင်းတိုက်ခိုက်ခံရမှု နေအိမ် (၅) လုံး ထိခိုက်ပျက်စီး

ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမည်ဟု ကြေညာ

ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ဆန္ဒပြမှုတွင် ကူညီပေးခဲ့‌သော ရဲစခန်းမှူးအား CRC မှ ကျေးဇူးတင် လက်ဆောင်ပေးအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.