Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်၊ လက်ရှိ စစ်စခန်း ၁ ခု သိမ်းထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကို အရှင်ဖမ်းဆီးထား

တီးတိန်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်၊ လက်ရှိ စစ်စခန်း ၁ ခု သိမ်းထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကို အရှင်ဖမ်းဆီးထား

0
By Editor on May 27, 2024 Headline

(006SV/MG)

ချင်းပြည်နယ် တီးတိန်မြို့ကို သိမ်းနိုင်ရန်အတွက် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ဖော်ဆောင်နေပြီး လက်ရှိတွင် စစ်စခန်း (၁) ခုကို သိမ်းဆည်းထားနိုင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၉) ဦးကို အရှင်ဖမ်းဆီးရမိ ထားကြောင်း PDF – Zoland မှ ပြန်ကြားရေးမှူးက ပြောသည်။

ယနေ့ မေလ ၂၇ ရက် မနက်ပိုင်း ၄ နာရီခွဲတွင် တီးတိန်မြို့ပေါ်က စစ်ကောင်စီအထိုင်ချစခန်းဖြစ်သည့် မိုက်ခရိုဝေ့စ်စခန်းကို ချင်းညီနောင်အဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၉ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကာ လက်ရှိတွင် မိုက်ခရိုဝေ့စ်စခန်းကို သိမ်းဆည်းထားပြီးဖြစ်ကြောင်း ပြန်ကြားရေးမှူးက ပြောသည်။

“မိုက်ခရိုဝေ့စ်စခန်း သိမ်းပြီးတော့မှ အခုလောလောဆယ် ငြိမ်နေတာပါ။ သူတို့တပ်စွဲထားတဲ့ မြို့ထဲက မိုက်ခရိုစခန်းပါ။ သူတို့ဘက်က ၄ ယောက်လောက် ကျတယ်။ တခြားသူတွေက ပြေးတယ်။ ကျနော်တို့ အရှင်ဖမ်းထားတဲ့ လူက ၉ ယောက်ရှိပါတယ်” ဟု PDF – Zoland မှ ပြန်ကြားရေးမှူးက ပြောသည်။

တီးတိန်မြို့သိမ်းစစ်ဆင်ရေးသည် ချင်းညီနောင်၏ ဒုတိယမြောက် စစ်ဆင်ရေးဖြစ်ပြီး ပထမ စစ်ဆင်ရေးမှာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဖြစ်သည်။

တီးတိန်မြို့ပေါ်တွင် ရဲစခန်းနှင့် ခလရ – ၂၆၉ တပ်စခန်းကုန်းသာ ကျန်ရှိတော့ပြီး မြို့သိမ်းတိုက်ပွဲကို တဖြည်းဖြည်း လုပ်သွားမည်ဖြစ်၍ တိုက်ပွဲကို အရှိန်မြှင့်သွားမည်ဖြစ်ကြောင်း PDF – Zoland မှ ပြန်ကြားရေးမှူးက ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီမှ ၄ ဦး ကျဆုံးပြီး ၉ ဦးကို စစ်သုံ့ပန်းများအဖြစ် အရှင်ဖမ်းဆီးရမိထားကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့မှာ ထွက်ပြေးနေကြပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တဲ့အချိန်မှာလည်း လေကြောင်းကနေ ပစ်တယ်။ တိုက်ပွဲပြီးတော့လည်း လေကြောင်းကနေ တိုက်တယ်။ လက်နက်ကြီးလည်း ထုတယ်” ဟု PDF – Zoland မှ ပြန်ကြားရေးမှူးက ပြောသည်။

ယမန်နေ့ မေလ ၁၆ ရက်မှ ယနေအထိ စစ်ကောင်စီသည် ချင်းပူးပေါင်းတပ်ဖွဲ့များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၂၀ ခန့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့ပေါ်က ရဲစခန်းနှင့် မလှမ်းမကမ်းမှာ တည်ရှိသည် မိုက်ခရိုဝေ့စ်စခန်းကို သိမ်းလိုက်ပြီးနောက် မြို့ပေါ်က စစ်ရှောင်များအတွက် ထပ်မံ လမ်းဖွင့်ပေးထားပြီး မြို့ပေါ် ထက်ဝတ်နီးပါးမှာ စစ်ဘေးရှောင်သွား ပြီးဖြစ်ကြောင်း ပြန်ကြားရေးမှူးက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တီးတိန်မြို့ပေါ်က အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး အိမ်ခြေ ၃၀ ခန့်လည်း ပျက်စီးသွားကြောင်း တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

တီးတိန်မြို့ပေါ်က စစ်ဘေးမရှောင်ကြသည့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းထဲတွင် နေထိုင်ကြရန်နှင့် မိုင်းအန္တရာယ်များ သတိထားကြရန် ချင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

တီးတိန်မြို့ပေါ်တွင် ရပ်ကွက် ၄ ခုဖြင့် အိမ်ခြေပေါင်း ၂၂၀၀ ကျော်ရှိပြီး လူဦးရေ ၁၃၀၀၀ ကျော် နေထိုင်ကြောင်း တီးတိန်မြို့ နယ်ထွေအုပ်ရုံး၏ ၂၀၁၉ ခုနှစ် အောက်တိုဘာလ စာရင်းများအရ သိရသည်။

အိန္ဒိယ- မြန်မာနယ်စပ်လမ်းကြောင်းပေါ်တွင်တည်ရှိသော တီးတိန်မြို့နယ်သည် အရှေ့ဘက်မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နှင့် တမူးမြို့နယ်၊ တောင်ဘက်မှာ ဖလမ်းမြို့နယ်၊ မြောက်ဘက်မှာ တွန်းဇံမြို့နယ်နှင့် အနောက်ဘက်မှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့နှင့် ထိစပ်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.