Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်တောင်ပိုင်း မြို့နယ် ၄ ခုက ဒိုင်ရ်နယ်မြေများကို ပေါင်းစည်း၍ ဒေသအုပ်ချုပ်ရေး ဆောင်ရွက်မည်ဟု ဒိုင်ရ်ဒေသန္တရကောင်စီ ထုတ်ပြန်

ချင်းပြည်တောင်ပိုင်း မြို့နယ် ၄ ခုက ဒိုင်ရ်နယ်မြေများကို ပေါင်းစည်း၍ ဒေသအုပ်ချုပ်ရေး ဆောင်ရွက်မည်ဟု ဒိုင်ရ်ဒေသန္တရကောင်စီ ထုတ်ပြန်

0
By Editor on May 29, 2024 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ် (၄) ခုအတွင်းရှိ ဒိုင်ရ်နယ်မြေဒေသများကို တစ်စုတစ်စည်းတည်း ပြန်လည်ပေါင်းစည်းပြီး ဒေသအုပ်ချုပ်ရေးလုပ်ငန်းကို ဒိုင်ရ်ဒေသန္တရ ကောင်စီက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပထမအကြိမ် ဒိုင်ရ်ဒေသလုံးဆိုင်ရာ ပြည်သူ့ညီလာခံကို မေလ ၁၆ ရက်မှ ၁၇ ရက်အထိ ဒိုင်ရ်ဒေသတစ်နေရာတွင် အောင်မြင်စွာ ကျင်းပခဲ့ကြပြီး ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ်အတွင်းရှိ ဒိုင်ရ်နယ်မြေဒေသများကို ပြန်လည်ပေါင်း စည်းရန် သဘောတူခဲ့ပြီး ဖွဲ့စည်းပုံနှင့် အခြေခံမှုများ ရေးဆွဲအ တည်ပြုကာ ဒိုင်ရ် ဒေသန္တရကောင်စီကိုလည်း ဖွဲ့စည်းလိုက်ကြောင်း ယနေ့ မေလ ၂၉ ရက်မှာ ယင်းကောင်စီက ထုတ်ပြန်သည်။

မြို့နယ် (၄)မြို့နယ်အတွင်း ခေတ်အဆက်ဆက် ပိုင်းခြားအုပ်ချုပ်ခြင်းခံခဲ့ရသော ဒိုင်ရ်နယ်မြေများကို ဒိုင်ရ်ကောင်စီ၏ ဦးဆောင်မှုဖြင့် တစ်စုတစ်စည်းတည်း ပြန်လည်ထားရှိ၍ အုပ်ချုပ်မှုတစ်ခုတည်းဖြင့် ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။

ဒိုင်ရ်ဒေသကာကွယ်ရေး၊ လုံခြုံရေး၊ ပြည်သူလူထု အသက်အိုးအိမ်များကို ကာကွယ်ရေးအတွက် ယင်း (၄) မြို့နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) အဖြစ် တည်ဆောက်သွားမည်ဟု ဒိုင်ရ်ဒေသန္တရ ကောင်စီက ထုတ်ပြန်သည်။

လိုအပ်သော တွေ့ဆုံညှိနှိုင်းမှုများကို သက်ဆိုင်ရာ အိမ်နီးချင်း မြို့နယ်အဖွဲ့အစည်းများ၊ တော်လှန်ရေး အင်အားစုများနှင့်လည်း ဒိုင်ရ်ဒေသန္တရ ကောင်စီက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။

ဒိုင်ရ်ဒေသအတွင်းက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စအဝဝကို စီမံဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ဒိုင်ရ်ဒေသန္တရကောင်စီက ဆိုသည်။

ပြည်သူတစ်ရပ်လုံး ဆင်နွှဲနေသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ရည်မှန်းချက် ပန်းတိုင်တူညီသော တော်လှန်ရေး အင်အားစုများ အားလုံးနှင့်အတူ ဆက်လက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု သိရသည်။

ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးတွင် ဘက်လိုက်မှု မရှိဘဲ ချင်းတော်လှန်ရေး အင်အားစုများ အာလုံးနှင့်အတူတကွ လက်တွဲပူးပေါင်း ကြိုးပမ်းသွားမည်ဟုဆိုသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနှင့် ချင်းပြည် တည်ဆောက်ရေးအပါအဝင် ဒိုင်ရ်ချင်း မျိုးနွယ်စုများ စည်းလုံးညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဦးတည်၍ ယင်းညီလာခံကို ကျင်းပခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ဒိုင်ရ်ဒေသလုံးဆိုင်ရာ ပြည်သူ့ညီလာခံတွင် မြို့နယ် (၄) ခုက ဒိုင်ရ်ဒေသကျေးရွာ ကိုယ်စားလှယ်များ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ကာကွယ်ရေးတပ်ဖွဲ့များ၊ အထူးဖိတ်ကြားထားသူများနှင့် လေ့လာသူများ အပါအဝင် စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒိုင်ရ်ဒေသန္တရ ကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ်သည် ချင်းလန်းကောင်စီ(CC)၊ ချင်းပြည်အစိုးရအဖွဲ့တွင်ပါဝင်သော အဖွဲ့ ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.