Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဆိုင်ကလုန်း Remal ကြောင့် ကုလားတန်မြစ်ရေကြီးပြီး စစ်ဘေးရှောင်နေအိမ် ၁၀ ထက်မနည်းပျက်စီး

ဆိုင်ကလုန်း Remal ကြောင့် ကုလားတန်မြစ်ရေကြီးပြီး စစ်ဘေးရှောင်နေအိမ် ၁၀ ထက်မနည်းပျက်စီး

0
By Editor on May 30, 2024 Headline

(004SS)

အိန္ဒိယ- မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ထဲက ကုလားတန်မြစ်ရေကြီးမှုကြောင့် ချင်းစစ်ဘေးရှောင်ပြည်သူများ နေထိုင်သော နေအိမ် ၁၀ လုံးထက်မနည်း ရေနစ်မြုပ်ပျက်စီးခဲ့သည်ဟု သိရသည်။

မေလ ၂၈ ရက်နေ့က တိုက်ခတ်သော ဆိုင်ကလုန်း Remal ကြောင့် ကုလားတန်မြစ်ရေမြင့်တက်လာပြီးနောက် မြစ်ကမ်းနဘေးတွင် နေထိုင်ကြသော ကာကီကျေးရွာက စစ်ဘေးရှောင်များ၏ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးသွားခြင်းဖြစ်သည်ဟု ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီမှ တာဝန်ရှိသူ ဆလိုင်းမျိုးထိုက်က ပြောသည်။

“ရေကြီးရေလျှံဖြစ်တာပေါ့နော် အဲဒီရွာမှာ ရှိတဲ့ စစ်ရှောင်တွေက အခု တော်တော်များများက ရေဘေးသင့်နေတာပေါ့၊ အခု ရွှေ့ပြောင်းနေရတယ်၊ အားလုံးတော့မဟုတ်ဘူး၊ အနည်းဆုံး အိမ်ခြေ ၁၀ ကျော်တော့ဖြစ်မယ်။ အိမ်တွေကတော့ အသစ်ပြန် ဆောက်ရမဲ့အခြေအနေပေါ့လေ။ လူထိခိုက်သေဆုံးတာမရှိပါဘူး။ သူတို့ မိုးရွာတာနဲ့ ကြိုတင်ရွှေ့ကြတဲ့အနေအထားပေါ့နော်” ဟု ၎င်းကပြောသည်။

ရေဘေးသင့် ပြည်သူများမှာ ကာကီရွာအောက်ဘက်၊ မြစ်ကမ်းဘေးတွင်နေထိုင်သော စစ်ရှောင်များဖြစ်ပြီး ၎င်းတို့ နေအိမ်များ ရေမြုပ်ပျက်စီးသွားခြင်းကြောင့် ကာကီရွာအထက်ဘက်သို့ ပြောင်းရွှေ့နေကြရသည်ဟုသိရသည်။

အလားတူ ချင်းစစ်ဘေးရှောင်ပြည်သူများနေထိုင်သည့် ကုလားတန်မြစ်ကမ်းတစ်လျှောက်ရှိ စစ်‌ဘေးရှောင်စခန်းများ မှာလည်း နေအိမ်ပျက်စီးခြင်း၊ ကျောင်းဆောင်ပျက်စီးခြင်းများရှိကြောင်း သိရသော်လည်း ဖုန်းလိုင်းအဆက်အသွယ် ခက်ခဲမှုကြောင့် အကြောင်းစုံကိုမူ မသိရသေးကြောင်း ဆလိုင်းမျိုးထိုက်က ပြောသည်။

“အဓိကတော့ လုံခြုံရေးအပိုင်းပေါ့နော်၊ သူတို့ရဲ့ နေအိမ်တွေဆို အသစ်ကနေပြန်လည်ဆောက်ဖို့လိုမယ့်အနေအထား ဖြစ်နေပါတယ်။ ပြီးတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆေးဝါးတွေလိုတာပေါ့နော်။ သူတို့သားသမီး တွေရဲ့ပညာ‌ရေးအတွက် လိုအပ်တဲ့ငွေကြေးတွေပေါ့နော်။ အဲဒါတွေကို ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံးတော့ လုပ်ပေးတာပေါ့ ဒါပေမဲ့ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့စားဝတ်နေရေးအတွက် ဆယ်ပုံမှာ တစ်ပုံလောက်တောင် မဖြည့်စွတ်နိုင်ဘူးလေ။ အဲဒါကြောင့် လိုအပ်ချက်တွေရှိနေဆဲပေါ့နော်။ ပြည်တွင်းပြည်ပက အလှူ‌ရှင်တွေရော ပြီးတော့ ပံ့ပိုးကူညီနိုင်တဲ့အဖွဲ့တွေက‌ေနပြီး‌ေတာ့ ဝိုင်းဝန်းပြီးမှ ကူညီနိုင်ဖို့ လို‌ေနတာပေါ့နော်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။

လက်ရှိတွင် ရေဘေးသင့် စစ်ရှောင်ပြည်သူများအတွက် ကူညီထောက်ပံမှုမရရှိသေးကြောင်း သိရသည်။

‌မီဇိုရမ်ပြယ်နယ် လောင်တလိုင်ခရိုင်၊ ကုလားတန်မြစ်ကမ်းနားတစ်‌ေလျှာက်သည် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူအများစု နေထိုင်ရာ ဒေသဖြစ်သည်။

ကာကီရွာတွင် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လွန်ခဲ့သော မေလ လယ်ပိုင်းမှစ၍ လူကြီးနှင့်ကလေးငယ်များပါမကျန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ရာ ယခုတွင်ပြန်လည်သက်သာလာသူရှိသလို ထပ်မံဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အတွက် ကျန်းမာရေးစောင့်လျှောက်မှုများ လုံလောက်စွာရရှိခြင်းမရှိသေးဘဲ ဆေးဝါးအကူအညီများလည်း အရေးပေါ်လိုအပ်လျက်ရှိနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.