Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်က မဏိပူရမြစ်ကူးတံတားကို စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး

အိန္ဒိယ-မြန်မာနယ်စပ်လမ်းကြောင်းပေါ်က မဏိပူရမြစ်ကူးတံတားကို စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီး

0
By Editor on June 8, 2024 Khonumthung

ချင်းပြည်နယ် တီးတိန်မြို့မှ ရိခေါဒါရ်မြို့ ကိုဆက်သွယ်သော အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းပေါ်က မဏိပူရမြစ်ကူးတံတားကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဖောက်ခွဲဖျက်ဆီးလိုက်သည်ဟု သိရသည်။

တီးတိန်မြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့များသည် ယနေ့ဇွန်လ ၈ ရက်မနက်ပိုင်းတွင် တီးတိန်မြို့အောက်ဘက်တွင်တည်ရှိသော လမ်ဇန်ကျေးရွာကို စီးနင်းဝင်ရောက်ခဲ့ပြီးနောက် အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအားထားရသော မဏိပူရမြစ်ကူး (မံဆောင်း) တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် မံဆောင်းတံတားသည် အသုံးပြု၍ မရတော့ဘဲ ကျိုးပြတ်သွားခဲ့သည်ဟု သိရသည်။

မံဆောင်းတံတားသည် တီးတိန်မြို့နှင့် လိုင်တွီးရွာအကြားတွင် ဖြတ်သန်းစီးဆင်းနေသော မဏိပူရမြစ်ပေါ်တွင် တည်ဆောက်ထားသော တံတားဖြစ်ပြီး အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအသုံးပြုနေရ သည့်တံတားဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအမျိုးသားတက္ကသိုလ်က ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူကျောင်းသားများ ခေါ်ယူနေ

တီးတိန်၊ ဇောင်ကောင်ရွာတိုက်ပွဲတွင် ချင်းတော်လှန်ရေးရဲဘော် ၄ ဦးကျဆုံး

မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို ၂၀၂၆၊ ဇန်နဝါရီ ၁ ရက်တွင် စတင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.