Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီမြို့တွင် ချင်းအချင်းချင်းကြား အချိန်မရွေးစစ်ရေးတင်းမာမှုဖြစ်နိုင်၍ မြို့ပေါ်နှင့် မြို့အနီးက ပြည်သူများ ပြန်မလာကြရန် မတူပီ တပ်မဟာ – ၁ ထုတ်ပြန်

မတူပီမြို့တွင် ချင်းအချင်းချင်းကြား အချိန်မရွေးစစ်ရေးတင်းမာမှုဖြစ်နိုင်၍ မြို့ပေါ်နှင့် မြို့အနီးက ပြည်သူများ ပြန်မလာကြရန် မတူပီ တပ်မဟာ – ၁ ထုတ်ပြန်

0
By Editor on July 1, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှု အချိန်မရွေး ဖြစ်နိုင်သောကြောင့် မြို့တွင်းနှင့် မြို့အနီးကျေးရွာများကို ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်းခြင်း မပြုလုပ်ကြရန် CDF – မတူပီ၊ တပ်မဟာ – ၁ က သတင်းထုတ်ပြန်သည်။

မတူပီမြို့ စစ်ကောင်စီ၏ စစ်စခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲပြီး နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်ခဲ့ပြီးဖြစ်သော်လည်း ‘ချင်း’ အချင်းအချင်း စစ်ရေးအခြေအနေကြောင့် ဒေသခံပြည်သူများ ပြန်မလာကြသေးရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း CDF – မတူပီ၊ တပ်မဟာ – ၁ မှ ပြောရေးဆိုခွင့်ရှိသူ ကို Boi Uk က ပြောသည်။

“CNA (ချင်းအမျိုးသားတပ်မတော်) ဖက်က သူတို့ Victoria Camp ကို ပြန်မသွားသေးဘဲ မတူပီထဲကို နေရာချထားနေတုန်းမို့လို့ပါ။ သူတို့အပြောအဆို၊ ထုတ်ပြန်ချက်တွေအရ သူတို့ဖက်က ပြန်လာတိုက်တာမျိုး ရှိလာနိုင်ပါတယ်။ ကျနော်တို့ဖက်ကတော့ မြို့တွင်း မြို့ပြင် လုံခြုံရေအရ တပ်ဖြန့်ထားပါတယ်” ဟု ကို Boi Uk က ပြောသည်။

မတူပီမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များက ရက်ပေါင်း ၂၀ ကြာ ထိုးစစ်ဆင်ပြီးနောက် အမှတ် – ၃၀၄ ခြေမြန်တပ်ရင်း၊ အမှတ် – ၁၄၀ ခြေလျင်တပ်ရင်းနှင့် ချင်းပြည်တောင်ပိုင်းက အကြီးဆုံးစစ်ဗျူဟာကုန်းတို့ကို ဇွန်လ ၂၉ ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ကြသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အပါအဝင် CNF/ CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်များနှင့် စစ်ရေးတင်း မာမှုများ အချိန်မရွေး ရှိလာနိုင်သဖြင့် မြို့တွင်းနှင့် မြို့အနီးအနားရှိ ကျေးရွာများကို ပြန်လည် အခြေချရေးနှင့်ပတ်သက်၍ တစုံတရာ မထုတ်ပြန်ခင်အထိ ဝင်ရောက်ခြင်း မပြုကြရန် မြို့သိမ်းပြီးနောက် ၁ ရက်ဖြစ်သည့် ဇွန်လ ၃၀ ရက်က CDF – မတူပီ၊ တပ်မဟာ – ၁ က ထုတ်ပြန်ခဲ့သည်။

မတူပီမြို့သိမ်း စစ်ဆင်ရေးကာလအတွင်း ချင်းညီနောင်ပူးပေါင်းတပ်ဖွဲများနှင့် ချင်းလဲန်းကောင်စီပူးပေါင်းတို့ကြား ဇွန်လ ၁၈ ရက်က ဖနိုင်ရွာမြောက်ဘက်တွင် ထိတွေ့တိုက်ပွဲများ အပြင်းအထန် စတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိခဲ့သည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရလက်အောက်ရှိ ချင်းပူးပေါင်းတပ်များက မတူပီမြို့ စစ်ဆင်ရေးကို မဆုတ်ခွာဘဲ ဆက်လက်ဖော်ဆောင်နေကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဇွန်လ ၂၈ ရက် ပြောသည်။

မတူပီမြို့ လုံခြုံရေးနှင့် ပြန်လည် တည်ဆောက်ရေးကိစ္စများကို ဆက်လက် ဖော်ဆောင်မည်ဖြစ်ပြီး အခြား ချင်းဒေသကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့များကိုလည်း တတ်နိုင်သလောက် ပါဝင်နိုင်ရေးအတွက် အစီအမံများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၁ က ထုတ်ပြန်သည်။

“ကျနော်တို့က ပါဝင်ပူးပေါင်းချင်တဲ့ CDF အားလုံးကို ဆိုလိုတာပါ။ CDF- Mara၊ Zotung၊ Laut စတဲ့ ဒေသတပ်တွေလည်း ပူးပေါင်းမယ်ဆိုရင် ကြိုဆိုတဲ့ သဘောပါ” ဟု CDF – မတူပီ၊ တပ်မဟာ – ၁ မှ Boi Uk က ပြောသည်။

ပြည်သူများ ဘေးကင်းရေးအတွက် စစ်ကောင်စီ၏ မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မတူပီမြို့ လုံခြုံရေး၊ ပြန်လည်တည်ဆောက်ရေး၊ ဒဏ်ရာရ ရဲဘော်များ ကုသစောင့်ရှောက်ရေးနှင့် အခြားသော နောက်ဆက်တွဲ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိဘပြည်သူများအနေဖြင့် အားမလျော့ဘဲ ဆက်လက် ပူးပေါင်းကူညီထောက်ပံ့ကြရန် တပ်မဟာ – က အသိပေးနှိုးဆော်ထားသည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာရက္ခတပ်တော် (AA/ ULA) ၊ Yaw Army နှင့် Yaw Defense Force (YDF) တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.