Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အမေရိကန်ပြည်ထောင်စုတွင် ချင်း-မီဇိုးဘာသာရေးနှင့်အရပ်ဖက်အဖွဲ့တို့ ချင်းအရေးဆွေးနွေး

အမေရိကန်ပြည်ထောင်စုတွင် ချင်း-မီဇိုးဘာသာရေးနှင့်အရပ်ဖက်အဖွဲ့တို့ ချင်းအရေးဆွေးနွေး

0
By Editor on July 3, 2024 Khonumthung

(004SS)

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်တွင် ချင်းဘာသာရေးအဖွဲ့အစည်းနှင့် မီဇိုရမ်ပြည်နယ်က ဩဇာကြီးမားသော မီဇိုးအရပ်ဖက်အဖွဲ့အစည်းတို့ ယနေ့ ဇွန်လ ၃ ရက်နေ့၌ တွေ့ဆုံပြီး လက်ရှိကြုံတွေ့နေရသော ‘ချင်း’ အရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါဆွေးနွေးပွဲကို အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်းအသင်းတော် (CBCUSA) က အိမ်ရှင်အဖြစ်တာဝန်ယူကာ မီဇိုရမ်ပြည်နယ်မှ မီဇိုရမ်နှစ်ခြင်းအသင်းတော် (BCM)၊ ဗဟိုမီဇိုးလူငယ်အသင်း (CYMA)၊ မီဇိုးကျောင်းသားသမဂ္ဂ (MZP) ၊ ချင်းနှစ်ခြင်းခရစ်ယာန်အသင်းမြောက်အမေရိကား (CBANA)၊ ဇိုမီးနှစ်ခြင်းအသင်းတော်အမေရိကား (ZBCA) တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်ဟု သိရသည်။

အစည်းအဝေးတွင် လက်ရှိချင်းလူမျိုးများ ကြုံတွေ့နေရသော စစ်ရေး၊ နိုင်ငံရေး ပဋိပက္ခများနှင့် အခက်အခဲများ၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေးအခြေအနေများ ဆွေးနွေးကြသည်ဟု CBCUSA ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

ယင်းအစည်းအဝေးတွင် မီဇိုရမ်ပြည်နယ်မှ CYMA ဥက္ကဌ Pu Lalhmachhuana နှင့် MZP ဥက္ကဌ H.Lalthianghlima တို့အပါအဝင် ချင်းဘာသာရေးခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိသေးသော်လည်း ငြိမ်းချမ်းရေးအတွက် အစပျိုးသည့် ခြေလှမ်းဖြစ်သည်ဟု CBCUSA က ဖော်ပြထားသည်။

Photo – CBCUSA

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.