Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မတူပီမြို့သိမ်းတိုက်ပွဲတွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၃ ဦး ကျဆုံး၊ ချင်းညီနောင်ပူးပေါင်းတပ်မှ ကျဆုံးသူ ၁၁ ဦးအထိရှိလာ

မတူပီမြို့သိမ်းတိုက်ပွဲတွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၃ ဦး ကျဆုံး၊ ချင်းညီနောင်ပူးပေါင်းတပ်မှ ကျဆုံးသူ ၁၁ ဦးအထိရှိလာ

0
By Editor on July 5, 2024 Khonumthung

(006SV)

ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်အဖွဲ့ဝင်၊ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF) မှ တပ်စုမှူး အပါအဝင် ရဲဘော် (၃) ဦး ကျဆုံးခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၅ ရက်တွင် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (MTC/MDF) က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၃ ရက်က မတူပီမြို့တိုက်ပွဲတွင် အသက် ၁၉ နှစ်အရွယ်၊ ဒု-တပ်စိတ်မှူး တာဝန်ထမ်းဆောင်နေသာ ရဲဘော်ဆီးထား ကျဆုံးခဲ့ရကြောင်း ဇွန်လ ၁၆ ရက်က မတူပီမြို့စစ်ဆင်ရေးတွင် အသက် ၂၅ နှစ်အရွယ် တပ်စုမှူး ရဲဘော် ယေရုစလင်နှင့် အသက် ၁၈ နှစ်အရွယ် ရဲဘော် အယ်လိုက်ဇာတို့ ကျဆုံးခဲ့ရကြောင်း သိရသည်။

ရဲဘော် ယေရုစလင်နှင့် ရဲဘော် အယ်လိုက်ဇာတို့သည် ဇွန်လ ၁၆ ရက် နေ့လည် ၁၁ နာရီ ၂၅ မီနစ်အချိန်တွင် မတူပီမြို့ ရှေ့တန်းတိုက်ပွဲတွင် တပြိုက်နက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း MTC/MDF က ထုတ်ပြန်သည်။

အာဏာရှင်စနစ်မှန်သမျှ ဖြုတ်ချရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနစ် ထူထောင်နိုင်ရေးတို့အတွက် တာဝန်ထမ်းဆောင်နေစဉ် ရှေ့တန်းတစ်နေရာမှာ သူတို့ကိုယ်တိုင် ကတိသစ္စာဆိုခဲ့သော မရာလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း MTC/MDF က ဆိုသည်။

ဇွန်လ ၂၉ ရက် မတူပီ- ဟားခါးလမ်းရှိ မတူပီမြို့စစ်ကောင်စီစခန်းကို သိမ်း ပိုက်စဉ်တွင် CDF – မင်းတပ်မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် CDF- မတူပီ၊ တပ်မဟာ – ၁ မှ ရဲဘော် ၇ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် သတ်မှတ်ဖော်ဆောင်သည့် မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်ပူးပေါင်းတပ်များ၊ မဟာမိတ် အာရက္ခတပ်တော် (AA)၊ Yaw Army (YA)၊ Yaw Defense Force (YDF) တပ်ဖွဲ့များက ဇွန်လ ၉ ရက်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၉ ရက်အထိ ရက် ၂၀ ကြာထိုးစစ်ဆင်ပြီးနောက် အမှတ် – ၃၀၄ ခြေမြန်တပ်ရင်း၊ အမှတ် – ၁၄၀ ခြေလျင်းတပ်ရင်းနှင့် ချင်းတောင်ပိုင်းက အကြီးဆုံး စစ်ဗျူဟာကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အမျိုးသားတော်လှန်ရေးဆင်နွှဲမှုတွင် ရန်ပုံငွေ ထည့်ဝင်၍ ပံ့ပိုးပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်

ဖလမ်းမြို့သို့ ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်နေ

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.