Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CDF- KKG ထိန်းချုပ်နယ်မြေက ပြည်သူ့ကျောင်းများတွင် ရဲဘော်များက စာသင်ကြားပေးနေ

CDF- KKG ထိန်းချုပ်နယ်မြေက ပြည်သူ့ကျောင်းများတွင် ရဲဘော်များက စာသင်ကြားပေးနေ

0
By Editor on July 10, 2024 Khonumthung

(006SV)

ချင်းတော်လှန်ရေးတပ်ဖွဲ့ CDF- KKG ထိန်းချုပ်နယ်မြေက ကျေးရွာတချို့မှ ပြည်သူ့ကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်ချက်ကြောင့် CDF- KKG၊ တပ်ရင်း ၄ မှ ရဲဘော်များက ကူညီ၍ ပညာသင်ကြားပေးနေကြောင်း သတင်းရရှိသည်။

“ခုချိန်က ကျောင်းသား/သူ လူဦးရေလည်း တိုးလာတယ်။ ဆရာ/မ အင်အားကလည်း မမျှဘူး။ ဆရာ/မ လိုအပ်ချက်ကလည်း ရှိသေးတယ်။ CDF KKG အနေနဲ့လည်း တပ်ရင်း ၄ နယ်မြေဖြစ်တဲ့အတွက် လုပ်ပေးနိုင်တဲ့အတိုင်းအတာ ဝိုင်းကူတယ်။ တခြား အစီအစဉ်တွေလည်း လုပ်ပေးနေတယ်” ဟု CDF – KKG ၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကလေး၊ ကဘော်၊ ဂန့်ဂေါ ၏ တပ်ရင်း ၄ နယ်မြေအတွင်းက ကျေးရွာတွင် မူလတန်းမှ ၉ တန်းအထိ ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော်သည် လက်ရှိတွင် ပညာသင်ကြားလျက်ရှိပြီး ပညာရေးဌာန CDM အပါအဝင် ကျောင်းဆရာ၊ ဆရာမ ၈ ဦးက စာသင်ကြားပေးနေခြင်းဖြစ်သည်။

ဆရာ၊ ဆရာမအင်အားနှင့် ကျောင်းသူ၊ ကျောင်းသားအချိုး မမျှတ၍ ကျေးရွာရပ်မိ/ရပ်ဖများ၏ တောင်းဆိုမှုကြောင်း CDF- KKG မှ ရဲဘော် ၂ ဦးကို စေတနာဝန်ထမ်းအဖြစ် စေလွှတ်၍ စာသင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

CDF- KKG မှ ရဲဘော် ဆရာ ၂ ဦးတွင် တစ်ဦးမှာ ဘွဲ့ရဖြစ်ပြီး နောက်တစ်ဦးမှာ ပညာရေးတက္ကသိုလ် တက်ရောက်နေဆဲတွင် လက်နက်ကိုင်တော်လှန်ရေးထဲ ပါဝင်ခဲ့သူဖြစ်ကြောင်း သိရသည်။

တပ်ရင်း – ၄ နယ်မြေက ကျောင်းများတွင် ယခင်က ကျောင်းသူ၊ ကျောင်းသား အနည်းငယ်သာရှိ၍ ပညာရေးကဏ္ဍတွင် အဆင်ပြေခဲ့သော်လည်း လက်ရှိတွင် ပျူစောထီးရွာများမှ ထွက်ပြေးလာသူများ၏ ကလေးငယ်များ၊ စစ်ဘေးရှောင်ပြည်သူများ၏ ကလေးငယ်များသည် ကျောင်းသူ၊ ကျောင်းသားများအဖြစ် ထပ်မံတိုးလာကြောင်း သိရသည်။

ယင်းပြည်သူ့ကျောင်းများတွင် ဒေသအတွင်းက ကျေးရွာ ၅ ရွာမှ ကျောင်းသူ၊ ကျောင်းသားများလည်း ပညာသင်ကြားနေကြသည်။

“အကူအညီတွေ အရမ်းလိုအပ်တယ်ဆိုတဲ့အကြောင်း ဖြည့်စွက်ပြောကြားချင်တယ်။ မိဘပြည်သူက တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့၊ ပညာရေးဆိုတာက ကျနော်တို့ ကလေးတွေအတွက် အရမ်းအရေးကြီးနေပါတယ်။ ကလေးတွေကို ပညာရေးနဲ့ မဝေးစေချင်ဘူး။ မိဘတွေကလည်း သူတို့ကလေးတွေကို ပညာတတ်စေချင်ကြတယ်။ ကျနော်တို့မှာကလည်း ခေတ်အခြေအနေ အရ လိုအပ်ချက်တွေ အများကြီး ရှိနေတယ်။ ဒါတွေကို မပံ့ပိုးနိုင်လို့ ကလေးတွေ ကျောင်းမတက်ရမှာကို အရမ်းစိုးရိမ်ပါတယ်” ဟု CDF – KKG ၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ပြောသည်။

ယင်းကျောင်းသူ၊ ကျောင်းသားများအတွက် တိုးချဲ့ဆောင်များ ဆောက်လုပ်ရန် လိုအပ်နေပြီး ယင်းမှာ တာဝန်ရှိသူများအတွက် ကြီးမားသော စိန်ခေါ်မှု အခက်အခဲဖြစ်နေကြောင်း သိရသည်။

ကျောင်းသုံးပစ္စည်းများဖြစ်သည့် ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ၊ ဗလာစာအုပ်များလည်း လိုအပ်နေပြီး ပျူစောထီးရွာမှ ပြေးလာသူနှင့် စစ်ဘေးရှောင်များ၏ ကျောင်းသား၊ ကျောင်းသူများမှာ ပိုမိုခက်ခဲနေ၍ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

မင်းတပ်မြို့ ထပ်မံ ဗုံကြဲခံရပြီး ဒေသခံတချို့ ထိခိုက်မှုများရှိ၊ နေအိမ် ၁၀ လုံးကျော် ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 8, 2026

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

July 8, 2026

ကလေးမြို့ပေါ်တွင် စစ်ဘေးရှောင်လာသော ခမ်းပတ်ဘက်ကဒေသခံများ အကူအညီလိုအပ်နေ

July 7, 2026

တွန်းဇံက စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးအပါအဝင် လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေ

July 7, 2026

CDF – ဟားခါး စစ်စခန်းတစ်ခု ပစ်မှတ်တိတိကျကျဖြင့် ဂျက်ဖိုက်တာ ၂ စီး၊ Y – 12 လေယာဉ်တို့ဖြင့် ဗုံးကြဲခံရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.