Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»CNA က ဖမ်းဆီးထားသော YDF ရဲဘော် ၂ ဦး ယနေ့ ပြန်လွတ်လာ

CNA က ဖမ်းဆီးထားသော YDF ရဲဘော် ၂ ဦး ယနေ့ ပြန်လွတ်လာ

0
By Editor on July 12, 2024 Khonumthung

(006SV)

ချင်း- မကွေးတိုင်းနယ်စပ်တစ်နေရာတွင် ချင်းအမျိုးသားတပ်ဦး CNF/CNA က ဖမ်းဆီးထားသော YDF ရဲဘော် ၂ ဦးသည် ယနေ့ ဇူလိုင် ၁၂ ရက်နေ့တွင် ပြန်လွတ်လာပြီးဖြစ်ကြောင်း ယောကာကွယ်ရေးတပ် – YDF တာဝန်ခံက ပြောသည်။

“ဒီနေ့ ပြန်လွှတ်ပါတယ်။ ကျနော်တို့ဆီကိုတော့ ရောက်မလာသေးပါဘူး။ သူတို့နဲ့ အဆက်အသွယ်က ရထားပါပြီ။ ကျနော်တို့ ထပ်မံ ဆွေးနွေးမှုတွေကတော့ မရှိသေးပါဘူး။ ရဲဘော်တွေ ပြန်ရောက်မှ ဘာတွေ တွေ့ကြုံရသလဲဆိုတာ သိမှ အသေးစိတ် ဖြေပေးဖို့ အဆင်ပြေပါမယ်” ဟု ယောကာကွယ်ရေးတပ် – YDF တာဝန်ခံက ပြောသည်။

ဇူလိုင်လ ၇ ရက်က ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တို့၏ နယ်စပ်ကျေးရွာဖြစ်သည့် ရောင်နက်ကျေးရွာတွင် ယောကာကွယ်ရေးတပ်- YDF မှ ရဲဘော် ၂ ဦးတို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့ CNF/ CNA မေးမြန်းစရာရှိသည်ဟူ၍ ဖမ်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယောကာကွယ်ရေးတပ်- YDF မှ ထောက်ပိုမှူး ရဲဘော် ကိုအုပ်သိမ်းနှင့် ထောက်ပို့ဌာနအဖွဲ့ဝင် ရဲဘော် ကိုအောင်သက်ခိုင်တို့သည် ဖမ်းဆီးခံရပြီး ၆ ရက်အကြာ ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ပြန်လွှတ်လာခြင်းဖြစ်သည်။

ဇူလိုင် ၇ ရက်က YDF မှ ရဲဘော် ၂ ဦးတို့ ဖမ်းဆီးခံရပြီး နောက်တစ်ရက်တွင် ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နှင့် မကွေး တိုင်း၊ ဂန့်ဂေါမြို့နယ်တို့ကို ဆက်သွယ်ထားသော ပြည်ထောင်စု လမ်းမကို လုံခြုံးရေးအကြောင်းပြချက်ဖြင့် YDF က ယနေ့အထိ ပိတ်ထားကြောင်း သိရသည်။

ဂန့်ဂေါမြောက်ဘက်၊ စိုင်ဒူးကျေးရွာနားက ဟားခါးလမ်းခွဲနေရာတွင် ယနေ့အထိ ကားအစီးရေ ၇၀ ကျော်ခန့် ပတ်မိနေပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်နေကြောင်း ဒေသခံများက ပြောသည်။

YDF ရဲဘော် ၂ ဦးတို့ စခန်းကို ပြန်ရောက်ပါက ကားလမ်းများ ပြန်ပွင့်သွားလိမ့်မည်ဖြစ်ကြောင်း၊ ရဲဘော် ၂ ဦးသည် လက်ရှိတွင် အလာလမ်းခရီးမှာ ရှိနေပြီးဖြစ်ကြောင်း YDF တာဝန်ခံက ယနေ့မှာ ခိုနူမ်းသုန်ကို ပြောသည်။

ချင်းအမျိုးသားတပ်မတော် CNA စစ်ဦးစီးချုပ်နှင့် ယောကာကွယ်ရေးတပ် – YDF တို့ကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ဇူလိုင် ၁၁ ရက်တွင် ပြန်လွှတ်ရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေမှုများကြောင့် ယနေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယောကာကွယ်ရေးတပ် – YDF သည် မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်၊ အာရက္ခတပ်တော် (AA/ULA)၊ Yaw Army တို့နှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့သော ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.