Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လိုင်လင်းပီမြို့ကို မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC က ထိန်းချုပ်ထားဟုဆို၊ MDF နှင့် AA အင်အားအလုံးအရင်းဖြင့်ဝင်လာ၍ ခဏရှောင်ပေးခြင်းဟု ကြားကာလမရာနယ်ကောင်စီပြော

လိုင်လင်းပီမြို့ကို မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF/ MTC က ထိန်းချုပ်ထားဟုဆို၊ MDF နှင့် AA အင်အားအလုံးအရင်းဖြင့်ဝင်လာ၍ ခဏရှောင်ပေးခြင်းဟု ကြားကာလမရာနယ်ကောင်စီပြော

0
By Editor on July 16, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မရာဒေသရှိ လိုင်လင်းပီမြို့ကို ဇူလိုင် ၁၁ ရက်မှစတင်၍ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က ထိန်းချုပ်ထားကြောင်း သတင်းရရှိသည်။

ချင်းလဲန်းကောင်စီအဖွဲ့ဝင် ချင်းတော်လှန်ရေးတပ်ပေါင်းစုတို့က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက လိုင်လင်းပီစစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် CDF – Mara ပူးပေါင်းတပ်တို့က ထိန်းချုပ်ထားသော လိုင်လင်းပီမြို့ကို ၈ လနီးပါးအကြာမှာ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က အာရက္ခတပ်တော် (ULA/AA) အကူအညီဖြင့် ပြန်လည်ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

“လိုင်လင်းပီမြို့နဲ့ အနီးတဝိုက် အားလုံးကို MDF က ထိန်းချုပ်ထားပါတယ်။ နယ်မြေရှင်းလင်းရေကတော့ မြို့ပတ်ဝန်းကျင်ကို လုပ်နေတယ်။ လမ်းတွေမှာ ရှင်းလင်းရေးတွေကတော့ လုပ်နေတာတွေ့တယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင်လ ၁၁ ရက်မှစတင်၍ လိုင်လင်းပီမြို့နှင့် အနီးဝန်ကျင်းဒေသကို မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF/ MTC) က ထိန်းချုပ်ထားပြီး မြို့အနီးနှင့် လမ်းများတွင် နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။

MDF/MTC နှင့် ULA/AA တပ်များက လိုင်လင်းပီမြို့ကို အင်အားအလုံးအရင်းဖြင့် တက်လာသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်မှုမရှိစေရန် CDF – မရာနှင့် CNA ပူးပေါင်းတပ်တို့က ခဏတာရှောင်ပေးခြင်းဖြစ်ကြောင်း ကြားကာလမရာနယ်ကောင်စီ IMC ပြောရေးဆိုခွင့်ရှိသူ ဂျေဆန်စီက ပြောသည်။

“စစ်ရေးလိုအပ်ချက်အရ ပြည်သူကို ငဲ့ညှာပြီးတော့ ပြည်သူတွေ အသက်အန္တရာယ်နဲ့ စိုးရိမ်ရမှုမရှိအောင် ကျနော်တို့ ခဏပဲ ရှောင်ပေးတာဖြစ်တယ်။ ထိန်းချုပ်တာတော့ သူတို့က ထိန်းချုပ်နိုင်တာ မဟုတ်သေးဘူး။ ဘာလို့လည်းဆိုတော့ ငြိမ်းချမ်းရေးကော်မတီမှာ အချက် ၈ ချက်မှာ နှစ်ဖက်စလုံးက ပစ်ခတ်မှုမဖြစ်အောင် ရှောင်ပေးတာပဲရှိတယ်။ စာချုပ် နောက်ဆုံးမှာ ဘာရှိလဲဆိုတော့ အချက် ၈ ချက်ကို အရင်ဆုံး ဖောက်ပြန်တဲ့အဖွဲ့က ပူးပေါင်းဆောင်ရွက်မှု မဖြစ်ချင်ဘူးဆိုတာကို ရည်ရွယ်တယ်ဆိုပြီးတော့ ထည့်ထားတာရှိတယ်။ ကျနော်တို့က မရာပြည်သူတွေကို စိုးရိမ်မှု မရှိအောင်ဆိုပြီးတော့ သူတို့က အင်အားအလုံးအရင်းနဲ့ တက်လာတဲ့အခါကြတော့ ခဏတဖြုတ် ရှောင်ပေးတာပဲရှိတယ်။ သူတို့ထိန်းချုပ်တာ ဘာမှ မရှိသေးဘူး။ မထိန်းချုပ်သေးဘူး” ဟု ကြားကာလမရာနယ်ကောင်စီ၊ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

MDF/MTC ၏ ဆောင်ရွက်လာမှုများကို ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိထားပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကာ အတိုင်းအတာတစ်ခု ကျော်လွန်လာလျှင် သည်းခံတော့မည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးကော်မတီ၏ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို စောင့်ကြည့်နေကြောင်း ကြားကာလမရာနယ်ကောင်စီကပြောသည်။

MDF ၊ AA/ ULA အနေဖြင့် CDF- မရာ၊ CNA ပူးပေါင်းတပ်များကို စစ်ဆင်ရေးပြုလုပ်၍ စစ်ရေးဖော်ဆောင်ခြင်း၊ တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းများကို ရပ်တန့်ပြီး မရာဒေသမှ အမြန်ဆုံး ဆုတ်ခွာပေးရန် ကြားကာလ မရာနယ်ကောင်စီက ဇူလိုင် ၁၆ ရက်မှာ ထုတ်ပြန်တောင်းဆိုထားသည်။

ရှေ့ဆက်လုပ်ဆောင်နေလျှင် ချင်းပြည်အစိုးရတပ်ဖွဲ့နှင့် မရာဒေသခံပြည်သူများ၏ နှင်ထုတ်ခြင်းကို ခံရလိမ့်မည်ဟု ကြားကာလ မရာနယ်ကောင်စီက ဆိုသည်။

MDF ၊ AA/ ULA ပူးပေါင်းတပ်သည် မရာဒေသအတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ၃ ကြောင်းထိုးလာပြီး စစ်ဆင်ရေးပြုလုပ်လာကာ ဇူလိုင်လ ၁၃ ရက်က လိုင်လင်းပီမြို့နယ်၊ လိုင်လင်းတဲကျေးရွာ၊ ၉ မိုင်ကျေးရွာအနီးတွင် CNA ၊ CDF- မရာ ပူးပေါင်းတပ်နှင့် MDF ၊ AA/ ULA ပူးပေါင်းတပ်တို့ကြား ၁ နာရီကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဇူလိုင်လ ၁၃ ရက်က ငဖိုင်ပီ (ခ) ကျေးရွာတွင် မရာနှစ်ဖွဲ့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန်စီစဉ်မှုမှာ ဖြစ်မြောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

MDF ၊ AA/ ULA တို့သည် မရာလက်နက်ကိုင် နှစ်ဖွဲ့ကြား ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းဟု ကြားကာလမရာနယ်ကောင်စီက ထုတ်ပြန်ထားသည်။

မရာလန်းကာကွယ်ရေးတပ်ဖွဲ့ – MTC/MDF နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မရာ (IMC/CDF Mara) တို့ မေလက မရာနှစ်ဖွဲ့ ပေါင်းစည်းရေး တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက် ဖမ်းဆီးထားသူ အရပ်သား၊ ရဲဘော်များ အာလုံးကို ဇွန်လ ၂၆ ရက်တွင် လွှတ်ပေးနိုင်ခဲ့ကြောင်း မရာငြိမ်းချမ်းရေးကော်မရှင်၏ ဇူလိုင်လ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

လိုင်လင်းပီမြို့အခြေစိုက် စစ်ကောင်စီ ခလရ ၃၀၄ အထိုင်စခန်းကို CNF/ CNA ၊ CDF- Mara ၊ CDF- Matupi၊ CDF- Lautu၊ CDF- Zophei၊ CDF – Thantland ဒရုန်းတပ်ဖွဲ့စသည့် ချင်းပူးပေါင်းတပ်ဖွဲ့က ၂၀၂၃၊ နိုဝင်ဘာလ ၁၉ ရက်မှစတင်၍ တိုက်ခိုက်ခဲ့ရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.