Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာတွင် လက်နက်ကြီးကျ၊ တစ်ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦးကျေးရွာတွင် လက်နက်ကြီးကျ၊ တစ်ဦးသေဆုံး ၂ ဦးဒဏ်ရာရ

0
By Editor on July 23, 2024 Khonumthung

(005MK)

စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်း ပျဉ်းတောဦး (Tuingo) ကျေးရွာတွင် ယနေ့ညနေပိုင်းမှာ စစ်ကောင်စီကပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ အရပ်သားတစ်ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၂၃ ရက် ညနေပိုင်း ၅ နာရီခန့်တွင် ပျဉ်းတောဦးကျေးရွာထဲ ၂ နေရာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ပထမအကြိမ်မှာ ခြံဝန်းထဲ ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒုတိယအကြိမ်မှာ နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲကာ အသက် ၁၅ နှစ်ဝန်းကျင်ခန့်အရွယ်ရှိသော လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ပျဉ်းတောဦးကျေးရွာသည် ကလေးမြို့မှ ၁၂ မိုင်ခန့်ကွာဝေးပြီး ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။

ယခုလဆန်းဇူလိုင် ၉ ရက်နှင့် ၁၁ ရက်နေ့တုန်းကလည်း ပျဉ်းတောဦးကျေးရွာအနီး လက်ပံချောင်းကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၆ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.