Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟွာလ်းငိုးရမ်းဒေသအတွင်းရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်များတွင် ည ၉ နာရီနောက်ပိုင်း ဖြတ်သန်းခွင့်မပြုကြောင်း CDF-Hualngoram ထုတ်ပြန်

ဟွာလ်းငိုးရမ်းဒေသအတွင်းရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်များတွင် ည ၉ နာရီနောက်ပိုင်း ဖြတ်သန်းခွင့်မပြုကြောင်း CDF-Hualngoram ထုတ်ပြန်

0
By Editor on July 29, 2024 Khonumthung

(004SS)

ချင်းပြည်နယ် ဟွာလ်းငိုးရမ်းဒေသအတွင်းရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်များတွင် ည ၉:၀၀ နာရီမှ နံနက် ၆:၀၀ နာရီအချိန်အတွင်း ဖြတ်သန်းသွားလာခွင့်မပြုကြောင်း CDF-Hualngoram က ဇူလိုင်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

“အဓိက လုံခြုံရေးဂိတ်တွေမှာကျတော့ လာချင်တဲ့ချိန်လာ၊ သွားချင်တဲ့ချိန်သွားတဲ့အခါကျ‌တော့၊ လောလောဆယ်မှာ ကျွန်တော်တို့ဘက်က လုံခြုံရေးအရ တင်းကြပ်ထားတာတွေရှိတယ်၊ ပြီးရင် မူးယစ်ဆေးဝါးကိစ္စတွေကအစ၊ ခုချိန်မှာ ပြောပြလို့မရတဲ့ အခြေအနေလေးတွေရှိလို့၊ ညနက်အချိန်မှာလဲ မူးရူးပြီးတော့ ပြသာနာရှာတဲ့သူတွေလဲရှိတယ်။ အဓိကကတော့ ကျွန်တော်တို့ ဂိတ်တွေကို လေးစားမှုရှိစေချင်တဲ့သဘောပါ။ အဲဒါတွေ ကြောင့် ကျွန်တော်တို့ ညမှာ ဖြတ်သန်းခွင့် ပိတ်လိုက်ရခြင်းဖြစ်ပါတယ်” ဟု Hualngoram People Organization- HPO မှ တွဲဘက် အတွင်းရေးမှူး – ၁ လာလ်ဗဲင်ပွီးအားက ပြောသည်။

ထိုကဲ့သို့ ညအချိန် ဖြတ်သန်းခွင့်ကို ပိတ်ပင်ထားသော်လည်း အရေးပေါ်ကိစ္စရပ်များရှိပါက သက်ဆိုင်ရာ စစ်ဆေးရေးဂိတ် တာဝန်ရှိသူများထံ သတင်းပို့ခွင့်တောင်းပြီးမှ ဖြတ်သန်းသွားလာခွင့်ရှိ‌ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဟွာလ်းငိုးရမ်းဒေသအတွင်း ပြေးဆွဲသွားလာနေသော ယာဉ်မောင်းများအနေဖြင့်လည်း လုံခြုံရေးစစ်ဆေးရေး ဂိတ်များဖြတ်သန်းမည့်အချိန်တွင် မိမိတို့ကားများအား လုံး၀ (လုံးဝ) မိုးကာ အုပ်မိုးခြင်းမပြုကြရန် ထုတ်ပြန်ထားသည်။

အလားတူ ခရီးသည်တင်ကားများအနေဖြင့်လည်း စစ်ဆေးရေးဂိတ်များတွင် မိမိတို့ ခရီးသည်များ၏ ကိုယ်ရေး အချက် အလက်များ၊ မှတ်ပုံတင်နံပါတ်များအား သေချာစီစစ်သတင်းပို့ရန်နှင့် ခရီးသွားမိဘပြည်သူများအနေဖြင့် လုံခြုံရေးအရ ရှောင်တခင်စစ်ဆေးမှုပြုလုပ်ရန် လိုအပ်လာပါက ကြည်ဖြူစွာ စစ်ဆေးမှုခံယူကြရန်လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ဟွာလ်းငိုးရမ်းဒေသအတွင်း ကြိုတင်သတင်းပို့ခြင်း၊ ခွင့်ပြုချက်မရှိပဲ လုံခြုံရေးဂိတ်များတွင် လက်နက်ကိုင်ဆောင်၍ ဖြတ်သန်းခွင့်မပြုကြောင်း ထုတ်ပြန်ထားပါသည်။

လုံခြုံရေးအရ အသိပေးချက်အား လိုက်နာခြင်းမရှိပါက မိမိတို့အပေါ် ဖြစ်လာနိုင်သည့် ကိစ္စအရပ်ရပ်များအပေါ် တာဝန်ယူမည်မဟုတ်ကြောင်း CDF- Hualngoram က ထုတ်ပြန်ထားသည်။

အရေးပေါ်သွားလာလိုပါက ဆက်သွယ်ရန် ဂိတ် ဖုန်းနံပါတ်များ –

(၁) လေးလမ်းဆုံ(Kawtsei) ဂိတ်: ph +916909514990

(၂) Tuichirch Gate Ph : +919612887411

(၃) Tuithap Gate (ရိဒ်ခေါဒါ်ရ်မြို့အဝင်) Ph : +919362376735 , +918729838617

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ဆန္ဒပြမှုတွင် ကူညီပေးခဲ့‌သော ရဲစခန်းမှူးအား CRC မှ ကျေးဇူးတင် လက်ဆောင်ပေးအပ်

မြန်မာစစ်ဘေးရှောင် ၂၀၀၀ နီးပါး၏ ဇီဝအချက်အလက်များကောက်ယူပြီးစီး

တမူးမြို့နယ်၊ နန်မွန်းတားကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.