Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့ခလရ ၂၆၈ တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနှင့် နေအိမ်များ ထိခိုက်ပျက်စီး
Photo - Rihli Voice

ဖလမ်းမြို့ခလရ ၂၆၈ တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနှင့် နေအိမ်များ ထိခိုက်ပျက်စီး

0
By Editor on July 30, 2024 Headline

(002MG)

ချင်းပြည်နယ် ဖလမ်းမြို့ပေါ်တွင် အထိုင်ချတပ်စွဲထားသည့် ခလရ ၂၆၈ တပ်ရင်းက ယမန်နေ့ညက လက်နက်ကြီး အနည်းဆုံး ၈ ကြိမ်ခန့် ပစ်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် အနီးနားကျေးရွာများတွင် ကျရောက်ပေါက်ကွဲကာ အရပ်သားနှင့် လူနေအိမ်များ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ဖလမ်း မြို့ခံတဦးက “မနေ့ညက တပ်ကုန်းကနေပစ်တာက အနည်းဆုံး ၈ လုံးလောက်ရှိတယ်။ Thanhniar ရွာမှာကျတာ အိမ်တလုံးပျက်တယ် Congthe ရွာမှာကျတယ် အိမ်ပျက်တယ်၊ ကလေးတစ်ယောက်ထိတယ်၊ ဖလမ်းကနေ ဟားခါးသွားတဲ့လမ်း လုံးပီးရပ်ကွက် စိုက်သိပ္ပံကျောင်းမှာ လက်နက်ကြီး ၂ လုံးကျတယ်၊ လုံပီးရွာမှာပဲ မီးသတ်ရုံးမှာကျတာ အိမ်တလုံးပျက်တယ်၊ Zalai ရွာမှာ ၂ လုံးကျပြီး လူကြီးတစ်ဦးထိတယ်” ဟု ပြော သည်။

လက်နက်ကြီးကြောင့် Zalai ကျေးရွာက အသက် ၃၆ နှစ်အရွယ် အမျိုးသားတဦးနှင့်၊ Congthe ကျေးရွာက ကလေးငယ်တဦးတို့သည် မစိုးရိမ်ရဒဏ်ရာရရှိကြသည်ဟု သိရသည်။

ဖလမ်းမြို့တွင် အခြေစိုက်တပ်စွဲထားသော စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၆၈ ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်တော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြို့ခံပြည်သူများအကြား စိုးရိမ်ပူပန်မှုမြင့်တက်လာကာ မြို့ပေါ်လူဦးရေ ၆၀ ရာခိုင်းနှုန်းမှာ မြို့ကိုစွန်ခွါတိမ်းရှောင်နေကြသည်ဟု သိရသည်။

ယမန်နေ့ည လက်နက်ကြီးပစ်ခတ်မူကြောင့် မြို့ပေါ်တွင် ကျန်ရှိနေသည့် ပြည်သူများသည် ယနေ့တွင် စစ်ဘေးတိမ်းရှောင် ရန် ပြင်ဆင်လာကြကာ မြို့တွင်း စျေးဆိုင်များလည်း ပိတ်သိမ်းမှုများလာကြောင်း မြို့ခံက ဆက်ပြောသည်။

“စားသောက်ဆိုင်တွေလည်းပိတ်လာတာများလာပြီ။ ဒီနေ့ဆိုရင် ဒီဇယ်၊ဓာတ်ဆီဝယ်စရာတောင်မရှိတော့ ဘူး။ ကားတွေ လည်း ဖလမ်းက နေရိဒ်ကို သွားမဲ့ကားတွေလည်းမသွားနိုင်သေးဘူး။ဘယ်လိုလုပ်ကြမလဲမသိဘူး” ဟု မြို့ခံပြောသည်။

ဖလမ်းမြို့ဒေသခံအများစုသည် မြို့နယ်အတွင်းရှိ ကျေးရွာများ၊ နီးစပ်ရာမြို့များ၊ ပြည်မဘက်နှင့် အိန္ဒိယနယ်စပ်ဘက်သို့ အသီးသီး စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.