Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တပ်မဟာ – ၁ ၏ မတူပီမြို့ပအဖ ပြန်လည်ဖွဲ့စည်းမှုက ယခင်မြို့ပအဖ အာဏာကို လုယူခြင်းဟု မတူပီ – တပ်မဟာ ၂ ထုတ်ပြန်

တပ်မဟာ – ၁ ၏ မတူပီမြို့ပအဖ ပြန်လည်ဖွဲ့စည်းမှုက ယခင်မြို့ပအဖ အာဏာကို လုယူခြင်းဟု မတူပီ – တပ်မဟာ ၂ ထုတ်ပြန်

0
By Editor on July 31, 2024 Headline

(006SV)

CDF- မတူပီ၊ တပ်မဟာ – ၁ ၏ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးပြန်လည်ဖွဲ့စည်းမှုသည် ယခင်ဖွဲ့စည်းထားသော မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအာဏာကို အဓမ္မလုယူခြင်းသာဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ ၂ က ပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်က CDF- မတူပီ၊ တပ်မဟာ – ၁ ၏ မတူပီမြို့နယ်ပအဖ ဖွဲ့စည်းခြင်းသည် လူနည်းစုက ဖွဲ့စည်းသော အဖွဲ့ဖြစ်ပြီး ပြည်သူ့ညီလာခံဖြင့် ၂၀၂၂ ၊ အောက်တိုဘာလ ၆ ရက်က ဖွဲ့စည်းထားသော မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အာဏာကို အတင်း အဓမ္မ လုယူခြင်းသာဖြစ်ကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂ က ဇူလိုင် ၂၈ ရက်စွဲဖြင့် ယမန်နေ့က ထုတ်ပြန်သည်။

“ဒီမြို့ဟာ တစ်ဦးတစ်ယောက် လူနည်းစုနည်းနည်းလေးနဲ့ အုပ်ချုပ်ရေးဖွဲ့တာတွေက ဒါ မဖြစ်သင့်ဘူး။ မတူပီမြို့ ပြည်သူအားလုံးက ပြည်သူညီလာခံကျင်းပပြီးမှပဲ အုပ်ချုပ်ရေးဆိုတဲ့ဟာကို ဖော်ဆောင်လို့ရတယ်။ ကျေးရွာပေါင်းစုံကနေ တက်လာမယ့် အုပ်ချုပ်ရေးမှူးတွေကအစ၊ အားလုံးညီလာခံကြီးခေါ်ပြီးမှ မတူညီတဲ့ အခန်းကဏ္ဍကနေ တူညီတဲ့ အုပ်ချုပ်ရေးကဏ္ဍအထိ ဖော်ဆောင်နိုင်တဲ့ အုပ်ချုပ်ရေးမျိုးကို လိုချင်တယ်” ဟု CDF – မတူပီ၊ တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူ ကိုနိုင်ဂျွန်က ပြောသည်။

မတူပီမြို့နယ်ပအဖသည် ရပ်ကွပ်၊ ကျေးရွာမှ အမှတ်၊ တိုက်နယ်၊ ယင်းမှ မြို့နယ်အဖြစ် ပြည်သူ့ညီလာခံခေါ်ယူ၍ အများသဘောတူ ရေးဆွဲသော အုပ်ချုပ်ရေးနည်းဥပဒေဖြင့်သာ ဖွဲ့စည်းတည်ဆောက်ရမည်ဟု တပ်မဟာ – ၂ က ဆိုသည်။

လက်နက်အားကိုးသော အာဏာဖြင့် ဖွဲ့စည်းခြင်းသည် လူမျိုးရေးပြသနာကို ဖြစ်စေသော လုပ်ရပ်ဖြစ်သောကြောင့် လုံးဝရှုတ်ချကြောင်း CDF- မတူပီ၊ တပ်မဟာ – ၂ က ထုတ်ပြန်သည်။

“ရှင်းရှင်းပြောမယ်ဆိုရင် ဒီဟာကို အမြန်ဆုံးရပ်တန့်ရင်‌တော့ အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒီတိုင်း ရှေ့ဆက်သွားမယ်ဆိုရင် နောက်နောင် မတူပီကိစ္စမှာ အများကြီး ပြသနာ ပိုကြီးသွားနိုင်တယ်။ ကျနော်တို့လည်းလုပ်စရာရှိတာ လုပ်မှာပဲ။ ဒီလိုမျိုး အခင်းအကျင်းတွေ မဖြစ်ခင်မှာ တိုင်ပင်ညှိနှိုင်းမှုတွေ အများကြီးလိုတယ်။ တိုင်ပင်ညှိနှိုင်းပြီးမှ စည်းလုံးရေး ဖော်ဆောင်နိုင်ပြီးမှပဲ အုပ်ချုပ်ရေးယန္တရားကို ကောင်းကောင်း လည်ပတ်နိုင်မှာ ဖြစ်တယ်”ဟု တပ်မဟာ – ၂ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CDF- မတူပီ၊ တပ်မဟာ – ၁ နှင့် တပ်မဟာ – ၂ အကြား စည်းလုံးမှုကိုလည်း I CNCC နှင့် ချင်းညီနောင်အဖွဲ့ ဦးဆောင်သူများသည် အလေးပေးဆောင်ရွက်ခြင်းမရှိကြောင်း CDF- မတူပီ တပ်မဟာ ၂ ကပြောသည်။

မတူပီ- ပလက်ဝလမ်း ကျေးရွာများနှင့် တောတောင်တစ်လျှောက်တွင် တောနင်းစစ်ကြောင်းထိုးနေသော ULA/ AA ၊ ချင်းညီနောင်အဖွဲ့နှင့် တပ်မဟာ – ၁ တို့ အမြန်ဆုံး ဆုတ်ခွာပေးရန် တပ်မဟာ – ၂ က တောင်းဆိုထားသည်။

တပ်မဟာ – ၂ သည် ချင်းအမျိုးသား စည်းလုံးမှုကို ရှေးရှုသော တပ်ဖွဲ့ဖြစ်ပြီး လက်ရှိ မတူပီမြို့ဖြစ်စဉ်တွင် အများပြည်သူ လိုလာနေသည့် မတူပီ လက်နက်ကိုင် နှစ်ဖွဲ့ စည်းလုံးမှုအတွက် အမြန်ဆုံး ဆွေးနွေးအဖြေရှာရန် လိုအပ်နေပြီးဖြစ်ကြောင်း တပ်မဟာ – ၂ ၊ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

CDF – မတူပီ ၊ တပ်မဟာ – ၁ ၏ ပြန်လည်ဖွဲ့စည်းထားသော မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် မတူပီမြို့ပေါ် ၄ ရပ်ကွက်အပါအဝင် နှော်တဲ ကျေးရွာအုပ်စု၊ အိုင်ဒါပ့်တိုက်နယ်၊ ဆီနိုင်းတိုက်နယ်၊ ထိုက်ဖုန်းပွီးတိုက်နယ်တို့တွင် ဇူလိုင်လ ၂၀ ရက်မှစတင်၍ အုပ်ချုပ်ရေးလုပ်ငန်းများ စတင်ဖော်ဆောင်နေသည်ဟု သိရသည်။

အသစ်ပြန်ဖွဲ့ထားသည့် မတူပီမြို့နယ် ပအဖတွင် CDF – မတူပီ၊ တပ်မဟာ- ၁ မှ တာဝန်ရှိသူများ၊ တိုက်နယ် ၄ ခုမှ တာဝန်ရှိသူများနှင့် အရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများစုစုပေါင်း ၄၀ ကျော် ပါဝင်ကြောင်း သိရသည်။

CDF – မတူပီသည် ချင်းတော်လှန်ရေးအင်အားစုများအကြားတွင် ချင်းလဲန်းကောင်စီ (CC) နှင့် ICNCC၊ CB အဖြစ် နိုင်ငံရေးသဘောထားကွဲလွဲပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက CDF – မတူပီတပ်၊ မဟာ ၁ နှင့် တပ်မဟာ ၂ တို့အဖြစ် ကွဲသွားခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.