Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၅ နှစ်အတွင်း ဖော်ဆောင်မည့် ပညာရေးစီမံကိန်း ချင်းပညာရေးဝန်ကြီးဌာန ထုတ်ပြန်

၅ နှစ်အတွင်း ဖော်ဆောင်မည့် ပညာရေးစီမံကိန်း ချင်းပညာရေးဝန်ကြီးဌာန ထုတ်ပြန်

0
By Editor on August 2, 2024 Headline

ကျောင်းကောင်စီများတွင် မသန်စွမ်းနှင့် အမျိုးသမီး ၃၀ ရာခိုင်နှုန်းထက်မနည်း ပါဝင်ခွင့်ပြုထားဟုဆို

(006SV)

ချင်းပြည်နယ်တွင် ချင်းပြည်အစိုးရဦးဆောင်မှုဖြင့် ၅ နှစ်အတွင်း ချင်းတော်လှန်ရေးအင်အားစုများ ကိုယ်တိုင်ဖော်ဆောင်မည့် ချင်းပြည်ပညာရေး မဟာဗျူဟာစီမံကိန်းကို ဇူလိုင်လ ၃၁ ရက်က ချင်းပြည်အစိုးရပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

တော်လှန်ရေးကာလအတွင်း ပြည်သူ့ပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သင်ရိုးညွှန်းတမ်း စနစ်တကျမရှိခြင်း၊ ကျောင်းရန်ပုံငွေနှင့်အခြားအရင်းအမြစ်များ ပြတ်လပ်လာခြင်း၊ ဆရာ အတတ်ပညာနှင့် ပညာရေးခေါင်းဆောင်မှုသင်တန်းများ လုံလောက်ထိရောက်စွာ မပြုလုပ်နိုင်ခြင်း၊ ရှေးဦးကလေးသူငယ်ပညာရေးအကောင်အထည်ဖော်နိုင်မှုအားနည်းခြင်း စသည့် စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ရသည်ဟု ချင်းပြည်အစိုးရပညာရေးဝန်ကြီးဌာနက ဆိုသည်။

ထိုစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ကျောင်းနှင့် မြို့နယ်၊ ဒေသကို ကျော်လွန်နိုင်သည့် စနစ်ကျသော စုဖွဲ့မှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့်အတူ မဟာဗျူဟာ ၆ ခုဖြင့် အကောင်အထည်ဖော်သွားမည်ဟု ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ချင်း ပညာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

ချင်းပြည်ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၅ – ၂၀၃၀) အတွင်း ရပ်ရွာအခြေပြုကျောင်းများအဖြစ် အသိအမှတ်ပြု မခံရသော ကျောင်းမရှိတော့ခြင်း၊ အိမ်နီးချင်းနိုင်ငံကျောင်းများမှ ကျောင်းသားများ ပြည်တွင်းရှိ ကျောင်းများတွင် ဆက်လက်ပညာသင်ယူ ခွင့်ရရှိခြင်း၊ ပုဂ္ဂလိက ကျောင်းများ ပေါ်ပေါက်လာခြင်း၊ ရပ်ရွာတိုင်းတွင် မူကြိုကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ခြင်းတို့အထိ အကောင်အထည်ဖော်မည်ဖြစ်သည်။

ထို့အပြင် CDM ပညာရေးဝန်ထမ်းနှင့် တော်လှန်ရေးကာလ ပညာရေးဝန်ထမ်းများ ရပိုင်ခွင့် အပြည့်အဝရရှိစေခြင်း၊ တော်လှန်ရေးတွင် ပါဝင်နေသော ကျောင်းသူ/ကျောင်းသားများ ပညာသင်ယူခွင့်ရရှိခြင်း၊ အဆင့်မြင့်ပညာရေးတွင် အရည်အသွေးအာမခံမှု ကော်မတီ၏ စစ်ဆေးမှုပြီးစီးရေးနှင့် မူလတန်းအဆင့်တွင် ချင်းမိခင်ဘာသာစကားဖြင့် သင်ကြားခွင့်ရရှိရေးတို့ ဖော်ဆောင်မည်ဖြစ်သည်။

၅ နှစ်တာအတွင်း ဆရာအတတ်ပညာသင်တန်း ပို့ချနိုင်မည့် နည်းပြဆရာ ၁၂၀ ဦးနှင့် ပညာရေး ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ သင်တန်းဆရာ ၁၀၀ ဦးကို မွေးထုတ်နိုင်ရေး၊ ချင်းပြည်နယ်အတွင်းက ပညာရေးဌာန တာဝန်ရှိသူများကို လိုအပ်သော သင်တန်းများ ပို့ချပြီးစီးရေးတို့ ဆောင်ရွက်မည်ဖြစ်သည်။

ထိခိုက်နစ်နာနိုင်ခြေအမြင့်ဆုံး သို့မဟုတ် ငွေကြေးခက်ခဲသော ရပ်ရွာကျောင်းပေါင်း ၁၀၀ မှ ၃၀၀ ကြားအတွက်လည်း တစ်ကျောင်းလျှင် ဆရာ/မ ၇ ဦးကို လစဉ် ငါးသောင်းကျပ်စီနှုန်းဖြင့် ထောက်ပံ့နိုင်ရေး ဆောင်ရွက်မည်ဟု ချင်းပညာရေးဝန်ကြီးဌာနက ဆိုသည်။

စာသင်နှစ် ၁ နှစ်တွင် စုစုပေါင်းဝင်ငွေ သိန်း၁၀၀ အောက်ရှိသည့် ကျောင်းများကို ရွေးချယ်ပြီး အချက်အလက်များကို ကောက်ယူကာ အမှတ်ပေးစနစ်ဖြင့် ထိခိုက်နစ်နာနိုင်ခြေအများဆုံး ကျောင်းများကို ရွေးချယ်ပေးအပ်မည်ဟု ဆိုသည်။

ချင်းပြည်နယ်မှာ ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနှုန်း မြင့်မားလာပြီး ကျောင်းထွက်နှုန်း လျော့ကျခြင်း၊ မြို့နယ်/ ဒေသ ပညာရေး ကောင်စီများ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးနိုင်ရေးတို့ကိုလည်း ဆောင်ရွက်မည်ဖြစ်သည်။

ချင်းပြည်တော်လှန်ရေးကာလ လစ်ဟာနေသည့် ပညာရေးစီမံအုပ်ချုပ်မှု ယန္တရားကို အခြေခံမှစ၍ ပြန်လည်တည်ဆောက်မည်ဖြစ်ပြီး ကျောင်းအုပ်ချုပ်ရေးကောင်စီ၊ မြို့နယ်/ ဒေသပညာရေးကောင်စီနှင့် ချင်းပြည် ပညာရေးကောင်စီများ ဖွဲ့စည်းရာတွင် မသန်စွမ်းကိုယ်စားလှယ်ပါဝင်မှုနှင့် အမျိုးသမီးပါဝင်မှု အနည်းဆုံး ၃၀ ရာခိုင်နှုန်းရှိအောင် ဆောင်ရွက်မည်ဖြစ်သည်။

မြို့နယ်/ ဒေသများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် အကြိုကောလိပ်များ ဖွင့်ခွင့်ပြုမည်ဖြစ်သော်လည်း တော်လှန်ရေးကာလတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဘာသာရပ်စုံသင် ချင်းအမျိုးသားတက္ကသိုလ် (CNU) တစ်ခုသာဖွင့်လှစ်မည်ဟု သိရသည်။

အကြိုကောလိပ်ပြီးမြောက်သူများသည် CNU တက္ကသိုလ်သင်တန်းကို တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ချင်းပည်ပညာရေး မဟာဗျူဟာရေးဆွဲမှုကို ကျောင်းများ၊ မြို့နယ်/ဒေသပညာရေးကောင်စီများ၏ ဘုံတူညီသော စိန်ခေါ်မှုများ၊ ရှိရင်းစွဲ အရင်းအမြစ်များ၊ ပညာရေးနှင့် သက်ဆိုင်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အကြံပြုချက်များ၊ အနာဂါတ်ချင်းပြည် ပညာရေးဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များအပေါ် အခြေခံထားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.