Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့ပေါ် ခလရ- ၂၆၉ တပ်ရင်းကုန်းကို ချင်းပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်

ထန်တလန်မြို့ပေါ် ခလရ- ၂၆၉ တပ်ရင်းကုန်းကို ချင်းပူးပေါင်းတပ် အပြီးသတ်သိမ်းပိုက်

0
By Editor on August 5, 2024 Headline

(006SV/004SS)

ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီရဲ့ အထိုင်စခန်းကြီးဖြစ်သည့် ၂၆၉ တပ်ကုန်းကို ယနေ့မနက်ပိုင်းတွင် ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက အပြီးသိမ်းလိုက်ပြီး စခန်းငယ် ၂ ခုကို ရှင်းလင်းပြီးပါက ထန်တလန်မြို့နယ်တစ်ခုလုံး စစ်ကောင်စီ ကင်းစင်တော့မည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ဒီမနက်ပဲ ထန်တလန်က စစ်ကောင်စီရဲ့ ၂၆၉ အထိုင်တပ်ကုန်းကြီးတစ်ခုလုံးကို အပြီးသိမ်းနိုင်ခဲ့ပြီ။ ဒါပေမယ့် အဲဒီမှာ မြို့ထဲမှာ ရှိတဲ့ ကင်းစခန်းငယ် ၂ ခုကတော့ ကျန်ပါသေးတယ်။ အဲဒါတွေကို ဆက်လက်ပြီး သိမ်းဖို့ လုပ်နေတယ်။ မကြာခင်တော့ အဲဒါတွေလည်း စိုးမိုးထားနိုင်တော့မယ်လို့ ပြောလို့ရတယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယနေ့ မနက် ၉ နာရီခန့်တွင် ထန်တလန်မြို့ပေါ်က စစ်ကောစီတပ်ဖွဲ့ အခိုင်အမာချထား‌သည့် ခြေလျင်တပ်ရင်း ၂၆၉ တပ်ကုန်းကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက နှစ်ပတ်နီးပါးကြာ တိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

မြို့ပေါ်ရှိ ချင်းပြည်သူအားလုံး စွန့်ခွာထားရသည့် ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီသည် ခလရ – ၂၆၉ တပ်ကုန်းတွင် အခိုင်အမာတပ်စွဲပြီး မြို့ပေါ်ရှိ ဗျူဟာအရ အရေးပါသော နေရာ ၇ ခုတွင် စခန်းငယ်များ တည်ဆောက်ကာ တပ်ဖြန့်နေရာယူထားကြောင်း သိရသည်။

“သူတို့တပ်ကုန်းမှာ ကျွန်တော်တို့ အလံကိုလဲ ချိန်နိုင်ခဲ့ပြီ။ လက်နက်တော်တော်များများကိုလဲ သိမ်းနိုင်တယ်။ လက်နက်ကြီး၊ ငယ်၊ ကျည်စသဖြင့်လက်နက်ကတော့ များတယ်။ အခု ကျန်တဲ့ဟာကိုတော့ ခဏနဲ့ အပြီးသိမ်းနိုင်မယ်လို့မျှော်လင့်တယ်” ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

၂၆၉ တပ်ကုန်း မကျစေရေးအတွက် စစ်ကောင်စီသည် ဟားခါးမြို့မှ လက်နက်ပစ်ကူနှင့် လေကြောင်းပစ်ကူများ အများအပြား ပေးခဲ့ကြောင်း သိရသည်။ ခလရ ၂၆၉ တပ်ကုန်းတွင် ရဲအင်အား ၄၀ ကျော်အပါအဝင် တပ်ရင်း (၂) ခုတို့မှ စစ်ကောင်စီတပ်သား ၁၀၀ ကျော်ရှိကြောင်း သိရသည်။

ချင်းပြည်အစိုးရ ပူးပေါင်းတပ်မှ ဒဏ်ရာ ရရှိသူ ရဲဘော်တချို့ ရှိနေကြောင်း၊ စစ်ကောင်စီက ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြားရှိနိုင်ကြောင်း လတ်တလော သတင်းအရ သိရသည်။

လက်ရှိတွင် မြို့ထဲက စစ်ရေးဗျူဟာအရ အရေးပါသော ကင်းပုန်းစခန်းငယ် ၇ ခုတွင် ၅ ခုကို သိမ်းပိုက်ထားကြောင်း၊ ကျန် ၂ ခုကိုလည်း ဆက်လက် ရှင်းလင်းနေပြီး မကြာခင် သိမ်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“အခုက ၂ နေရာပဲ ကျန်တော့တယ်။ အဲဒါရှင်းလင်းပြီးရင်တော့ ထန်တလန်မြို့ တစ်ခုလုံးထဲ မဟုတ်ပဲနဲ့ ထန်တလန် တစ်မြို့ နယ်လုံးက စစ်ကောင်စီ ကင်းစင်သွားပြီလို့ ပြောလို့ ရတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ခလရ – ၂၆၉ တပ်ကုန်းကို ချင်းပူးပေါင်းတပ်များသည် လက်ရှိတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေပြီး လက်နက်ခဲယမ်း ရရှိမှု၊ စစ်ကောင်စီ၏ သေဆုံးမှု၊ ဒဏ်ရာရရှိမှု အသေးစိတ်ကို မသိရသေးပါ။

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရတပ်ဖွဲ့များသည် ဟားခါး- ထန်တလန်ကြားက လုံခါရ်တောင်ကုန်းနှင့် အော်တိုတောင်ကုန်းက စစ်ကောင်စီတပ်စခန်းများကို ဇူလိုင်လ ၂၂ ရက်နေ့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ ဇူလိုင်လ ၂၈ ရက်အထိ အနည်းဆုံး စခန်း ၇ ခုခန့်ကို သိမ်းနိုင်ခဲ့သည်။

ဩဂုတ်လ ၄ရက်နေ့ မနက်ကလည်း ဟားခါး-ထန်တလန်အကြားရှိ စစ်ကောင်စီစခန်းတစ်ခုဖြစ်သည့် C-3 စခန်းကို ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ယခုစစ်ဆင်ရေးများတွင် ချင်းပြည်အစိုးရအဖွဲ့ လက်အောက်ခံ ချင်းတော်လှန်ရေးအင်အားစုများအပါအဝင် တပ်ဖွဲ့ ၁၅ ဖွဲ့ခန့် ပါဝင်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.