Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တိုင်းစစ်ဌာနချုပ် ရမခကို ညီနောင်မဟာမိတ် (၃) ဖွဲ့ သိမ်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းညီနောင်ထုတ်ပြန်

တိုင်းစစ်ဌာနချုပ် ရမခကို ညီနောင်မဟာမိတ် (၃) ဖွဲ့ သိမ်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းညီနောင်ထုတ်ပြန်

0
By Editor on August 6, 2024 Headline

တနိုင်ငံလုံးရှိ တော်လှန်‌ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဟု ဆို

(006SV)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တို့ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် မိတ်ဖက်တော်လှန်ရေးအင်အားစုများမှ သိမ်းပိုက်နိုင်ခြင်းကို ချင်းညီနောင်မှ ဝမ်းသာဂုဏ်ယူကြောင်း ဩဂုတ်လ ၅ ရက်က ထုတ်ပြန်သည်။

ကိုယ်ပိုင်ပြဌာန်းခွင့်၊ တရားမျှတမှု၊ အပြန်အလှန်လေးစား တန်ဖိုးထားမှု၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတွင် တနိုင်ငံလုံးရှိ တော်လှန်‌ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင် (CB) အဖွဲ့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာတွင် ထုတ်ဖော်ပြောဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက် ချမှတ်ထားပြီး မိမိတို့ ထိန်းချုပ်လှုပ်ရှားနယ်မြေများကို မကြာမီကာလအတွင်း စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်စေရန် မဆုတ်မနစ် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

အာရက္ခတပ်တော် (AA) ၊ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) စသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အခြားမိတ်ဖက်တော်လှန်ရေးအင်အားစုများက သိမ်းယူထားသည့် မြို့များတွင် အသက်အိုးအိမ်နှင့် အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ဆောင်ရွက်နေမှုကို အားရယုံကြည်ကြောင်း ချင်းညီနောင်က သဝဏ်လွှာပေးပို့ ပြောဆိုသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမြန်ဆုံးပြန်လည် တည်ဆောက် နိုင်ပါစေကြောင်း၊ ၁၀၂၇ ဒုတိယလှိုင်း၏ စစ်ရေးအရှိန် အောင်မြင်မှုသည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်းများအထိ စစ်ရေးအောင် မြင်မှုများအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ချင်းညီနောင်က ပြောသည်။

ဩဂုတ်လ ၃ ရက်က လားရှိးမြို့နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တို့ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် မိတ်ဖက်တော်လှန်ရေး အင်အားစုများ သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ ထိပ်တန်းအရာရှိကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.