Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မီဇိုရမ်ပြည်နယ်‌ရှိ မတူပီစစ်ဘေးရှောင်များ မိုးကာ၊ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ အရေးပေါ်အကူအညီလိုအပ်နေ

မီဇိုရမ်ပြည်နယ်‌ရှိ မတူပီစစ်ဘေးရှောင်များ မိုးကာ၊ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များ အရေးပေါ်အကူအညီလိုအပ်နေ

0
By Editor on August 6, 2024 Headline

(004SS)

ချင်းပြည်နယ် မတူပီမြို့နယ်မှ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်နေကြသော ပြည်သူများသည် မိုးကာ၊ ဆေးဝါးနှင့် အခြေခံစားနပ်ရိက္ခာများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း Matupi Chin Refugee Committee ထံမှ သိရသည်။

“အိမ်တွေက ဝါးအိမ်၊ တဲအိမ်နဲ့ဆောက်တဲ့အခါကျတော့ အမိုးနဲ့အကာတွေကလဲ မိုးကာပဲဆိုတော့ လေမုန်တိုင်းလာတဲ့အချိန်မှာ မခံနိုင်ဘူးပေါ့နော်၊ တခါလာ ပျက်စီး၊ နှစ်ခါလာလဲ ပိုပြီးပျက်စီးတာပေါ့နော်။ မိုးကာတွေဆိုရင် တစ်နှစ်ပဲခံတယ်၊ မိုးရွာတဲ့အခါကျတော့ မိုးယိုတာတွေ၊ တချို့စခန်းမှာဆိုရင် မြောင်းဘေးမှာ အိမ်တွေဆောက်ထားတာဆို‌တော့ မြောင်းရေ တိုက်စားပြီးတော့ အိမ်ပျက်စီးတာတို့၊ ပြိုတာတို့ရှိတယ်၊ အဲဒါတွေ ကျွန်တော်တို့ လက်တွေ့ခံစားနေရပါတယ်” ဟု စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသော MCRC မှ တာာဝန်ရှိသူက ပြောသည်။

MCRC အနေဖြင့် တတ်နိုင်သလောက် ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့သော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် အပြည့်အဝ ထောက်ပံ့ပေးနိုင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် မတူပီမြို့‌ပေါ်နှင့် အနီးနားပတ်ဝန်းကျေးရွာများမှ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်လာကြသူ အယောက် ၁၂,၀၀၀ ကျော်ရှိကြောင်းသိရပြီး ၎င်းတို့အနက် ၉၀၀၀ ကျော်မှာ စစ်အာဏာသိမ်းပြီးနောက် တိမ်းရှောင်ကြသူများဖြစ်ကာ အယောက် ၂၀၀၀ ကျော်မှာ ပြီးခဲ့သည့်ဇွန်လအတွင်း မတူပီမြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ခိုလှုံလာကြသူများဟု သိရသည်။

စစ်ဘေးရှောင်ကာလကြာမြင့်လာသည်နှင့်အမျှ ကျန်းမာရေးပိုင်းမှာလည်း အကူအညီများ လိုအပ်လျှက်ရှိသည်ဟု သိရသည်။

“မနှစ်တုန်းကဆိုရင် NGO တွေက ဆေးခန်းမှာကြည့်ပေးတာပေါ့နော်။ ဒါပေမဲ့ အခုဆို သူတို့ project ကုန်သွားတာပေါ့နော်။ အခု စစ်ရှောင်တွေက သူတို့ဟာသူတို့ပဲဆေးခန်းသွားပြကြတယ်။ ရှိတဲ့သူဆီမှာချေး၊ မတတ်နိုင်ရင်တော့ မတတ်နိုင်သလို နေရတာပေါ့နော်။ ဒီဘက်မှာကျတော့ ပုဂ္ဂလိက ဆေးခန်းတွေက ဆေးဖိုးတအားဈေးကြီးတယ်။ ပြည်သူ့ဆေးရုံမှာဆိုရင်လဲ အရမ်းကြာတာပေါ့။ တစ်ချို့ဆိုရင် အဆင်ပြေသွားမှာပါဆိုပြီးနေကြတာ သွားပြတော့ လာတာနောက်ကျတယ် ဆိုပြီးဆုံးသွား တဲ့သူလဲ ရှိတယ်။ ပြီးတော့ ဝင်ငွေလုံးဝမရှိတဲ့အခါကျတော့ ဆေးကုသဖို့က ဒုက္ခရောက်နေတယ်” ဟု စစ်ဘေးရှောင်အရေး ဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

မီဇိုရမ်ပြည်နယ်က ဆေးရုံဆေးခန်းများတွင် ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ဆေးကုသရန်မတတ်နိုင်ကြသည့်အပြင် အချို့မှာ သွားလာရခက်ခဲ့မှုကြောင့် ဆေးဝါးကုသရန်နောက်ကျကာ အသက်ဆုံးရှုံးရသူများလည်း ရှိသည်ဟု ၎င်းက ဆက်လက် ပြောသည်။

MRCR အနေဖြင့် စစ်ဘေးရှောင်များအတွက် ရံပုံငွေရှာဖွေခြင်းများပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးအား ဦးစားပေးနေ‌ရခြင်းကြောင့် ရံပုံငွေရှာဖွေမှုများရပ်တန့်ကာ ပြည်ပရောက် အဖွဲ့အစည်းများမှရရှိသောအလှူငွေဖြင့် မုန်တိုင်းကြောင့် ပျက်စီးသွားသော ကျောင်းဆောင်ပြုပြင်ခြင်း၊ ခွဲစိတ်ကုသရန်လိုအပ်သောသူများနှင့် နာရေးအတွက်သာ အနည်းငယ်ထောက်ပံ့ပေးနိုင်ကြောင်း သိရသည်။

ထို့အပြင် ယခုတွင် စစ်ဘေးရှောင်ပြည်သူများ ပိုမိုများပြားလာနေပြီး အလုပ်ရှားပါးမှုများရင်ဆိုင်နေကြရသောကြောင့် နေ့စဉ်စားဝတ်နေရေးအတွက်ပါ ရုန်းကန်နေကြရသည်ဟုလည်း သိရသည်။

“ဒီဘက်မှာက အလုပ်ရဖို့အရမ်းခက်တယ်၊ အိမ်ဆောက် ကန်ထရိုက်ယူတဲ့သူတွေကလဲ လူအများကြီးမခေါ်ဘူး။ အလုပ် တအားရှားတယ်။ ပြောမယ်ဆိုရင် ကျွန်တော်တို့နေလာတာ ၃ နှစ်ရှိပြီဆိုတော့ NGO ဘက်ကလဲ တဖြည်းဖြည်းနဲ့ ထောက်ပံ့ မှုနည်းလာတာပေါ့။ အဲဒါကြောင့် စစ်ဘေးရှောင်တွေက တောထဲမှာ ဝါးမျှစ်တွေရှာတာပေါ့နော် ပြီးတော့ ပြန်ရောင်းကြတာ။ အဲလိုပဲနေထိုင်စားသောက်ကြရတာပေါ့နော်။ ကူညီနိုင်မယ်ဆိုရင် အဓိက ဆန်၊ မိုးကာ၊ ဆေးဝါးပစ္စည်းတွေ အရမ်းလိုအပ်နေပါတယ်” ဟု MCRC မှ တာဝန်ရှိသူက ပြောသည်။

မတူပီစစ်ရှောင်ပြည်သူများသည် မီဇိုရမ်ပြည်နယ်ရှိ လောင်တလိုင်ခရိုင်တွင် စစ်ဘေးရှောင်စခန်း ၂၁ ခု၊ ရှာဟာခရိုင်တွင် ၈ ခု၊ အိုင်ဇောလ်ခရိုင်တွင် ၅ ခု၊ မားမစ် ခရိုင်တွင် ၂ ခု၊ လုံးလေတွင် ၁၃ ခု စုစုပေါင်း စစ်ဘေးရှောင်စခန်း ၅၀ ကျော်တွင် အသီးသီး‌နေထိုင်ကြရပြီး ရပ်ကွက် ကျေးရွာအတွင်း အိမ်ငှားနေထိုင်သူများလည်းရှိကာ စုစုပေါင်း လူဦးရေ ၁၂၀၀၀ ကျော်ရှိသည်ဟု MCRC စာရင်းအရ သိရသည်။

မတူပီမြို့နယ်သည် စစ်ကောင်စီကင်းစင်ပြီးဖြစ်သော်လည်း အချို့နေရာများတွင် မြေမြုပ်မိုင်းများရှိနေသေးကာ ပြည်သူများ အသက်အန္တရယ်ထိခိုက်စေမည်ကို စိုးရိမ်ရသောကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.