Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့သိမ်းတိုက်ပွဲ Tilim စစ်ဆင်ရေး ၄ ကို ဆက်လက်ဖော်ဆောင်နေ

ထန်တလန်မြို့သိမ်းတိုက်ပွဲ Tilim စစ်ဆင်ရေး ၄ ကို ဆက်လက်ဖော်ဆောင်နေ

0
By Editor on August 13, 2024 Khonumthung

(006SV)

ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲကို Tilim စစ်ဆင်ရေး – ၄ အဖြစ် ဖော်ဆောင်နေပြီး ချင်းပြည်အစိုးရ ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းအမျိုးသားတပ်ဦး CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“စကစ (စစ်ကောင်စီ) က မြို့တွင်း ခံစစ်ကောင်းတဲ့ နေရာတွေကနေ ခုခံနေကြတယ်၊ မြို့တွင်း နေ့စဉ် ပစ်ခတ်မှု ရှိနေသေးတယ်၊ ဂျက်ဖိုက်တာနဲ့ ပစ်ကူသလို ဟားခါးကနေ စစ်ကူ ပို့နိုင်ဖို့ ကြိုးစားနေကြတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ဇူလိုင်လ ၂၂ ရက်မှ စတင်၍ ယနေ့အထိ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များသည် ဟားခါး- ထန်တလန်ကြားက လုံခါရ်နှင့် အော်တိုတောင်ပေါ်မှ စစ်ကောင်စီစခန်းများနှင့် ထန်တလန်မြို့တို့ကို တပြိုက်နက် ထိုးစစ်ဆင် တိုက်ခိုက်နေခဲ့ရာ ဟားခါး -ထန်တလန်ကြားက စစ်ကောင်စီစခန်းများနှင့် ထန်တလန်မြို့ပေါ်က အဓိက စခန်းကုန်း ခလရ – ၂၆၉ တို့ကို သိမ်းထားပြီး ဖြစ်သည်။

စစ်ကောင်စီသည် ထန်တလန်မြို့ မကျစေရေးအတွက် မြို့ပေါ်နေရာတချို့တွင် ခံစစ်အခိုင်အမာပြင်ဆင်၍ ခုခံတိုက်ခိုက်နေ ခြင်းဖြစ်ပြီး ဟားခါးမြို့မှ စစ်ကူများ ပို့နိုင်ရေးလည်း ကြိုးစားနေကြောင်း ဆလိုင်းထက်နီက ပြောသည်။

Tilim အော်ပရေးရှင်း – ၄ ကို ဆက်လက်ဖော်ဆောင်နေရာ မကြာမှီတွင် ထန်တလန်မြို့ကို ချင်းပြည် အစိုးရတပ်များ သိမ်းနိုင် မည်ဟု ဆလိုင်းထက်နီက Voice of Chinland နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

“အခုလက်ရှိ ချင်းပြည်အစိုးရတပ်ဖွဲ့ဝင်တွေအနေနဲ့ ထန်တလန်မြို့သိမ်းရေးဆိုပြီးတော့ Tilim အော်ပရေးရှင်း – ၄ ကို ဖော်ဆောင်နေတာဖြစ်ပါတယ်။ အဲဒီမှာ မကြာမှီမှာ ပြည်သူလူထုက သတင်းကောင်း ကြားရမှာပါ။ ကြားနိုင်အောင်လည်း ကျနော်တို့က အစွမ်းကုန် တိုက်ပွဲဝင်သွားပါမှာဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့သိမ်း တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်နေစဉ် CNA နှင့် CDF – ဟားခါးပူးပေါင်းတပ်သည် ရုန်တောင်စစ်ဆင်ရေးအဖြစ် ဟားခါးမြို့စည်ပင်ဧရိယာထဲက စစ်ကောင်စီစခန်း Keivaangzuan ကို ယမန်နေ့က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နှင့် သီမစ်လွင်ပြင်ကြားက Keivaangzuan စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

ဟားခါး- ထန်တလန်ကြားက စစ်ရေးအရ အရေးပါသည့် C3 စခန်းနှင့် အော်တိုတောင်စခန်းများကို ပြန်လည်သိမ်းနိုင်ရေးအတွက် စစ်ကောင်စီတပ်များသည် လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်မှုများလည်း ဩဂုတ်လ ပထမပတ်က ပြုလုပ်နေခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်၊ တီတိန်းနှင့် ဖလမ်းမြို့တို့တွင် စစ်ကောင်စီတပ်စခန်းများ ကျန်ရှိနေသေးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.