Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မဏိပူရ်အကျဉ်းထောင်က မြန်မာအကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု ပြန်လည်စတင်

မဏိပူရ်အကျဉ်းထောင်က မြန်မာအကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု ပြန်လည်စတင်

0
By Editor on August 26, 2024 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲက မြန်မာအကျဉ်းသားများသည် ယနေ့ဩဂုတ်လ ၂၆ ရက်နေ့မနက်ပိုင်းကစ၍ အစာငတ်ခံဆန္ဒပြမှုကို ပြန်လည်စတင်ခဲ့ကြသည်ဟု သိရသည်။

အင်ဖားထောင်ထဲက မြန်မာအကျဉ်းသားများသည် ယနေ့မနက်ပိုင်းကစ၍ ထောင်မှကျွေးသော အစားအသောက်များ လက်မခံကြတော့ဘဲ ထောင်မှအမြန်ဆုံးပြန်လွှတ်ပေးရန် အစာငတ်ခံဆန္ဒဖော်ထုတ်နေကြသည်ဟု မြန်မာအကျဉ်း သားတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။

“သူတို့ရဲ့အခြေအနေက ဘာတစ်ခုမှ တိတိကျကျ သေသေချာချာမရှိဘူး၊ မဏိပူရ်အစိုးရကလည်း ဟိုလိုလို ဒီလိုလိုလုပ် နေတယ် သူတို့တောင်းဆိုမှုကိုလည်း ဘာမှလိုက်လျောပေးတာမရှိတော့ ထောင်ကနေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ သူတို့ အစာငတ်ခံဆန္ဒပြမှုကိုပြန်စတာဖြစ်ပါတယ်” ဟု မြန်မာအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးကပြောသည်။

မြန်မာအကျဉ်းသားများသည် ယခုနှစ်ဇွန်လ ၁၆ ရက်နေ့ကလည်း ပထမအကြိမ်အစာငတ်ခံဆန္ဒပြခဲ့ကြပြီး မဏိပူရ် ထောင်အာဏာပိုင်များက ၎င်းတို့တောင်းဆိုချက်များကို အထက်သို့တင်ပြပေးမည်ဟုဆိုကာ ဇူလိုင်လ ၃ ရက်နေ့မှာ ရပ်နားခဲ့ကြသည်။

သို့သော်လည်း အကျဉ်းသားများ၏ တောင်းဆိုချက်များဖြစ်သော စစ်ကောင်စီလက်ထဲပြန်မအပ်ရေးနှင့် အကျဉ်းထောင်မှ ပြန်လွတ်ပေးရန်တောင်းဆိုချက်များသည် ယနေ့ချိန်ထိ ထူးခြားမှုရှိမလာသည့်အတွက် ယခုကဲ့သို့ ဒုတိယအကြိမ် အစာငတ်ခံဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ အစာငတ်ဆန္ဒပြ တောင်းဆိုမူတွင် မြန်မာအကျဉ်းသား ၅၀ ကျော်ပါဝင်ပြီး ထောင်ထဲကနေ ကြွေးကြော်သံများလည်း ဟစ်အော်ကြွေးကြော်ခဲ့ကြသည်ဟု သိရသည်။

မဏိပူရ်ပြည်နယ်ရှိ အကျဉ်းထောင်အသီးသီးတွင် မြန်မာနိုင်ငံသား ၁၅၉ ဦးသည် ယနေ့ထိ ဖမ်းဆီးခံထားရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းအမျိုးသားတက္ကသိုလ်က ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူကျောင်းသားများ ခေါ်ယူနေ

တီးတိန်၊ ဇောင်ကောင်ရွာတိုက်ပွဲတွင် ချင်းတော်လှန်ရေးရဲဘော် ၄ ဦးကျဆုံး

မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို ၂၀၂၆၊ ဇန်နဝါရီ ၁ ရက်တွင် စတင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.