Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အမေရိကန်မှာ ကျင်းပသော ၃၁ ကြိမ်မြောက် “Mizo Day” အခမ်းအနားသို့ မီဇိုရမ်ဝန်ကြီးချုပ်တက်ရောက်

အမေရိကန်မှာ ကျင်းပသော ၃၁ ကြိမ်မြောက် “Mizo Day” အခမ်းအနားသို့ မီဇိုရမ်ဝန်ကြီးချုပ်တက်ရောက်

0
By Editor on September 3, 2024 Khonumthung

(005MK)

အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့က ကျင်းပပြုလုပ်သော ၃၁ ကြိမ်မြောက် “Mizo Day” အခမ်းအနားမှာ အထူးဧည့်သည်တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာနှင့် ဇနီးဖြစ်သူ ပီးလျန်ဆိုင်လိုအီးတို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

Mizo Society of America (MSA) အဖွဲ့မှဦးဆောင်ပြီး မေရီလဲန်းပြည်နယ် F. Scott Fitzgerald ပြဇာတ်ရုံမှာ ကျင်း ပသော ယင်းအခမ်းအနားမှာ ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက ချင်းမျိုးနွယ်စုများ၏သမိုင်းကြောင်းနှင့် စည်းလုံးညီညွတ်ရေးအကြောင်းကို မိန့်ခွန်းပြောကြားခဲ့သည်။

ချင်း-လူရှိုင်း-ကူကီမျိုးနွယ်စုများသည် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ဘာသာစကား၊ ပွဲတော်၊ သီချင်း ပုံပြင် စသည့်များကြည့်ခြင်းအားဖြင့် ဆင်းသက်လာရာတူညီသော တအူတုံဆင်းညီရင်းအကိုများဖြစ်ကြပြီး ပိုင်းခြား၍မရသော လူမျိုးများဖြစ်ကြသည်ဟု ဝန်ကြီးချုပ်ကပြောသည်။

အိန္ဒိယ-မြန်မာ-ဘဂ်လားဒေရှ့်စသည့် သုံးနိုင်ငံတွင် တကွဲတပြားစီ နေထိုင်ကြရသော မိမိတို့လူမျိုးများ တနေ့နေ့ တချိန်ချိန် အုပ်ချုပ်မှုတစ်ခုအောက်မှာပြန်လည်နေထိုင်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဝန်ကြီးချုပ်ကပြော ဆိုခဲ့သည်။

“မိမိတို့ဟာ ဒီကမ္ဘာပေါ်မှာ အစိတ်စိတ်အမွှာမွှာနဲ့ ကွဲပြားမနေတော့ဘဲ ကျယ်ဝန်းတဲ့နယ်မြေတစ်ခုမှာ အင်အားကောင်းပြီး ကြီးမြတ်တဲ့ လူမျိုးတမျိုးအဖြစ် ပေါ်ထွန်းလာစေဖို့ လက်ရှိပထဝီနိုင်ငံရေးအပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် ဘုရားခင်ကလည်း အခွင့်ပေးလာမယ်လို့ ယုံကြည်မှုရှိတယ်၊ ဘုရားထံကနေ တစုံတရာအသိပေးသလို ခံစားရပါတယ်၊ ဒါကြောင့် စည်းလုံးညီညွတ်မှုပိုင်းကို အားလုံးဦးတည်ဆောင်ရွက်သွားကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်သည် ချင်းလူမျိုးအများစုနေထိုင်ရာ အင်ဒီယားနားပြည်နယ်မှာလည်း Chin community of Indiana အဖွဲ့၏ ဖိတ်ကြားချက်ဖြင့် စက်တင်ဘာလ ၄ ရက်နေ့တွင် ချင်းလူထုများနှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ ယင်းတွေ့ဆုံ ပွဲတွင် လက်ရှိ ချင်းစည်းလုံးညီညွတ်ရေးကိစ္စကို အလေးအနက်ထား ပြောဆိုသွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.