Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ရုန်းစစ်ဆင်ရေးအဆင့် ၁ သာရှိသေးပြီး ပြည်သူများဟားခါးမြို့ကိုစွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌအသိပေး

ရုန်းစစ်ဆင်ရေးအဆင့် ၁ သာရှိသေးပြီး ပြည်သူများဟားခါးမြို့ကိုစွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌအသိပေး

0
By Editor on September 10, 2024 Khonumthung

(004SS)

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် ဖော်ဆောင်နေသော ရုန်းစစ်ဆင်ရေးသည့် အဆင့် ၁ သာရှိသေးပြီး ပြည်သူများအနေဖြင့်မြို့ကိုစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌက အသိပေးထုတ်ပြန်လာသည်။

ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် CDF- Hakha အနေဖြင့် စစ်ကောင်စီအင်အားချိနဲ့အောင်ပြုလုပ်ခြင်း၊ မြို့သိမ်းပိုက်ခြင်း နှင့် မြို့ထိန်းချုပ်ခြင်းဟူ၍ အဆင့် ၃ ဆင့်သတ်မှတ်ကာ ရုန်းစစ်ဆင်ရေးကို ဆင်နွဲလျက်ရှိ ကြသည်ဟု CDF-Hakha ဥက္ကဋ္ဌ ဆလိုင်းဟရမ်လျန် (Salai Hram Lian) က စက်တင်ဘာလ ၈ ရက်နေ့က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါ ရုန်းစစ်ဆင်ရေးအဆင့် ၃ ဆင့်အနက် ပထမအဆင့်ဖြစ်သော စစ်ကောင်စီတပ်အင်အားချိနဲ့အောင် ပြုလုပ်သည့်အဆင့်သာရှိသေးပြီး ဒုတိယအဆင့်အား ဆောင်ရွက်မည့်အချိန်တွင် အများပြည်သူသိရှိနိုင်ရန် လိုအပ်သလို အသိပေးသွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုမလွန်ကဲကြရန်နှင့် စစ်ရေးအခြေအနေ စောင့်ကြည့်တတ်ရန် CDF- Hakha ဥက္ကဌကပြောသည်။

ဟားခါးမြို့သည် အမှုတော်ဆောင်များအသုံးပြုပြီး ဘုရားသခင်သတ်မှတ်ပေးထားသော မြို့ဖြစ်သည့်နည်းတူ ပြည်သူနှင့် မြို့အား အထိအခိုက်မရှိ သိမ်းပိုက်နိုင်ရေးဆောင်ရွက်လျှက်ရှိကာ ဟားခါးမြို့တော်ပျက်စီးမည်ကို မလိုလားသော ပြည်သူ များအနေဖြင့် ဟားခါးမြို့ကိုစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌက တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီနှင့် အဆက်အသွယ်မပြုရန်၊ ပြည်သူအားနစ်နာစေမည့် မူးယစ်ဆေး ရောင်း/ဝယ် သုံးဆွဲခြင်းမပြုရန်၊ ခွေးမမွေးရန်နှင့် ဟားခါးတက္ကသိုလ်ဘက် သွားလာခြင်းမပြုကြရန် စသည့်တော်လှန်ရေးတပ်ဖွဲ့မှ သတိပေးချက်များအား လိုက်နာပေးကြရန်လည်း CDF-Hakha ဥက္ကဌက တောင်းဆိုထားသည်။

မိမိကိုယ်ကို လုံခြုံစေရန် ဗုံးခိုကျင်းများတူးထားခြင်း၊ ပေါက်ကွဲမှုရှိပါက မိမိလုံခြုံရေးအတွက် ဦးစားပေးပြီး ညအချိန်၌ လည်း လုံခြုံသောနေရာတွင် အိပ်စက်ခြင်းနှင့် အရေးပေါ်အိပ်များ ကြိုတင်ပြင်ဆင်ထားကြရန်လည်း တိုက်တွန်းထားသည်။

တော်လှန်ရေးအောင်မြင်နိုင်ရန် ဆုတောင်းခြင်းဖြင့်လည်းကောင်း ပေးကမ်းလှူဒါန်းခြင်းဖြင့် ပြည်သူများပါဝင်ပေးကြရန် လည်း CDF-Hakah က တောင်းဆိုထားသည်။

လက်ရှိ ဟားခါးမြို့ပေါ်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ ပုံမှန်သွားလာနေကြသည်ဟု ဒေသခံများထံမှသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.