Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့က ဒု-ရဲအုပ်တစ်ဦး လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင်

ဟားခါးမြို့က ဒု-ရဲအုပ်တစ်ဦး လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင်

0
By Editor on September 12, 2024 Khonumthung

(004SS)

ချင်းပြည်နယ် ဟားခါးမြို့က ဒုရဲအုပ်တစ်ဦးသည် လက်နက်နှင့်အတူ အလင်း ဝင်လာ ကြောင်း CDF-Hakha က ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါအလင်းဝင်လာသူ ရဲအရာရှိသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ တော့ဘဲ ပြည်သူ နှင့်အတူ တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် CDF- Hakha ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟု သိရသည်။

လက်နက်နှင့်အတူ အလင်းဝင်လာရဲအရာရှိကို CDF-Hakha မှ ဝမ်းအမြာက်စွာ ကြိုဆိုကြောင်း၊ ဆုငွေ ချီးမြှင့်ပြီးနောက် လုံခြုံ‌သောနေရာရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်အာဏာရှင်လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ ရပ်တည်ကာ တော်လှန်ရေးတွင် ပါဝင်ချင်သော မည်သူမဆို အလင်းဝင်လိုပါက CDF- Hakha ထံ အချိန်မရွေးဆက်သွယ်နိုင်ကြောင်းနှင့် လုံခြုံသောနေရာရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်း CDF-Hakha က အသိပေးထားသည်။

စက်တင်ဘာလဆန်းပိုင်း ၂ ရက်နေ့တွင် ရဲတပ်သား ၁ ဦး နှင့် ၄ ရက်နေ့တွင် ရဲသား ၂ ဦး စုစုပေါင်း ရဲတပ်သား ၃ ဦး သည်လည်း စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိ‌ေတာ့ဘဲ ပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင်ခဲ့ပြီးဖြစ်သည်။

ထို့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ကလည်း ‌ဟားခါးမြို့ ခြောက်လမ်းဆုံတွင် တာဝန်ထမ်းဆောင်ခဲ့သော ရဲတပ်သားတစ်ဦး CDF-Hakah ထံ လက်နက်နှင့်အတူ အလင်းဝင်လာခဲ့ပြီး ဆုငွေချီးမြှင့်ကာ လုံခြုံသောနေရာသို့ ပို့ဆောင်ခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.