(005MK)
မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က ဆိုင်ခန်းတစ်ခုကို ဖောက်ထွင်းပြီး ရူပီးငွေ ၁၀ သိန်းခိုးယူထွက်ပြေးသွားသော မြန်မာနိုင်ငံသားတစ်ဦး (Dolla) ဆိုသူကို မီဇိုရမ်ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းမိပြီဟု သိရသည်။
လောင်တလိုင်မြို့ Chandmary ရပ်ကွက်က Emmanuel ဆိုင်ခန်း စက်တင် ဘာလ ၂၂ ရက်နေ့ညက ဖောက်ထွင်းခံရပြီး စက်တင်ဘာလ ၂၃ ရက် မနက်ပိုင်း ၁ နာရီခွဲခန့်မှာ ဆိုင်ခန်းဖောက်ထွင်းသူကို Diltlang South ရွာစွန်ဘက်မှာ မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု The Lawngtlai Post က ဖော်ပြသည်။
အဖမ်းခံရသူမှာ မြန်မာနိုင်ငံသား Dolla ဆိုသူဖြစ်ပြီး Emmanuel ဆိုင်ခန်းမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ဆိုင်ခန်းထဲတွင် သီးသန့်ထားရှိသော ဘဏ်မှာအပ်နှံမည့် ရူပီးငွေ ၁၀ သိန်းကို ခိုးယူကာ ဆိုင်ကယ်နှင့်ထွက်ပြေးသွားခဲ့ ခြင်းဖြစ် သည်ဟု သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ပိုင်ရှင်က လောင်တလိုင်မြို့ရဲစခန်းကို အကြောင်းကြားပြီး နောက်တနေ့မှာ ပြန်လည်ဖမ်းဆီးရမိခြင်းဖြစ်သည်။
မီဇိုရမ်ရဲတပ်ဖွဲ့က Dolla ထံမှ ရူပီးငွေ ၇၅၉၇၀၀ ပြန်လည်ရရှိပြီး လောင်တလိုင်မြို့ကို ပို့ဆောင်မည်ဟု သိရသည်။