Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ ဘုရားကျောင်းအပါအဝင် နေအိမ် ၉ လုံးပျက်စီး

မင်းတပ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ ဘုရားကျောင်းအပါအဝင် နေအိမ် ၉ လုံးပျက်စီး

0
By Editor on November 6, 2024 Khonumthung

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို ယနေ့ မနက်အစောပိုင်းတွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးအပါအဝင် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန်ပြုလုပ်ခဲ့ရာ နေအိမ် ၇ လုံးခန့်နှင့် ဘုရားရှစ်ခိုးကျောင်း ၂ ကျောင်း ပျက်စီးသွားကြောင်း သတင်းရရှိသည်။

တိုက်နယ် ၃ ထဲက ကျေးရွာ ၁ ရွာကို နိုဝင်ဘာလ ၆ ရက် မနက် ၂ နာရီ ၁၁ မီနစ်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ပေါင် ၅၀၀ ဗုံးကိုပါ အသုံးပြု တိုက်ခိုက်သကဲ့သို့ ရော့ကစ်များ၊ ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။

“လူနေအိမ်တွေနဲ့ ဘုရားကျောင်းတွေ ထိခိုက်ပျက်စီးက ဆိုးဝါးတယ် ပြောပါတယ်။ အရပ်သားထိခိုက်မှု ရှိ၊ မရှိကတော့ မေးမြန်းနေတုန်းပါ။ အသေးစိတ်ထပ်မံ သိရဖို့ကလည်း မေးနေတုန်းပါ” ဟု မင်းတပ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် မနက် ၁ နာရီ ၄၀ မီနစ်ခန့်ကလည်း မင်းတပ်မြို့အနီး တနေရာကို စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ဗုံး ၄ လုံးကျော်ဖြင့် တိုက်ခိုက်သွားသကဲ့သို့ ပွိုင့်ဖိုက်များဖြင့်ပါ ပစ်ခတ်သွားကြောင်း သိရသည်။

အောက်တိုဘာလအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာ ၊ ထောက်ပို့ကင်းထောင် Y- 12 လေယာဉ်များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ နီးပါး ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် CDF – မင်းတပ်မှ ရဲဘော် ၃ ဦးကျဆုံးခဲ့ရပြီး ၁ ဦးမှာ ယာဉ်မတော်တဆမှုကြောင့် ကျဆုံးခဲ့ကြောင်း CDF မင်းတပ်က ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

ချင်းတောင်ပိုင်းတွင် စစ်တပ်၏ ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနှင့် မိခင်ဖြစ်သူ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.