Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အမ်း-ပဒါန်းလမ်းမပေါ်က ကင်စခန်းများကို PDF နှင့် ACDF ပူးပေါင်းတိုက်ခိုက်

အမ်း-ပဒါန်းလမ်းမပေါ်က ကင်စခန်းများကို PDF နှင့် ACDF ပူးပေါင်းတိုက်ခိုက်

0
By Editor on November 7, 2024 Khonumthung

စစ်ကောင်စီက ၁၀ ဦးခန့် သေဆုံးပြီးနောက် ကင်းစခန်းတချို့ ပြန်ရုပ်သိမ်း

(006SV)

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲကို စစ်ကူနှင့်ထောက်ပို့ပေးနေသည့် ရခိုင်- မကွေးနယ်စပ် အမ်း- ပဒါန်းလမ်းပိုင်းပေါ်က စစ်ကောင်စီ ကင်းစခန်း ၂ ခုကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – ACDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက် မနက် ၁၁ နာရီခန့်တွင် ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ တို့ရှိ အမ်း – ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီ ကင်းစခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တပြိုက်နက် စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က ပြောသည်။

“ဒီကင်းစခန်း ၂ ခုက အမ်း- ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူပေးတဲ့ ကင်းစခန်းတွေ ဖြစ်တယ်။ ကျနော်တို့ အနေနဲ့ စစ်ဆင်ရေးတွေကို အဆင့်တစ်ခုချင်းစီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်တယ်။ ဒီကင်းစခန်းတွေကို တိုက်ခိုက်လိုက်ခြင်းက အမ်း- ပဒါန်းလမ်းပိုင်း စိုးမိုးရေးကို စတင်အကောင်အထည်ဖော်လိုက်တာ ဖြစ်တယ်လို့ ပြောလို့ရတယ်” ဟု စစ်ဦးစီးချုပ် နောင်သူရိန်က ပြောသည်။

စီးနင်းတိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝတ်ခန့် ကြာမြှင့်ပြီး စစ်ကောင်စီ စစ်ကူများ ရောက်ရှိလာကာ နှစ်ဖက်ညှပ်ပစ်ခတ်လာခြင်း၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းမှ ဟောင်ဝစ်ဇာများဖြင့် ပစ်ကူ တိုက်ခိုက်လာခြင်းတို့ကြောင့် ကင်စခန်းများကို အပြီးသတ်ရှင်းလင်းရေး မလုပ်ဆောင်နိုင်ဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားသည့် နေရာအနီးက ကင်းစခန်း ၂ ခုနှင့် တချို့ကင်းစခန်းများကို စစ်ကောင်စီက ပြန်ရုပ်သိမ်းသွားကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးနိုင်ပြီး ဒဏ်ရာ ရရှိသူများကို နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ ဆိုင်ကယ်များဖြင့် သယ်ထုတ်သွားခဲ့ကြောင်း တော်လှန်ရေးပူပေါင်းတပ်များက ထုတ်ပြန်သည်။

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA- Magway)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး စီးနင်းတိုက်ခိုက်မှုမှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာ နေရာဝန်းကျင်မှ ဖြတ်သွားသည့် အရပ်သား ၂ ခုကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်ကြောင်း စစ်ဦးစီးချုပ် နောင်သူရိန်က ပြောသည်။

တစ်ဦးမှာ ကုန်စိမ်းရောင်းဝယ်သည့် အမျိုးသမီး ၁ ဦးဖြစ်ပြီး ဒေသခံတစ်ဦး မဟုတ်သောကြောင့် နီးစပ်ရာ ရွာက သဂြိုင်ပေးခဲ့ရကြောင်း၊ နောက်တစ်ဦးမှာ ဒေသခံ အမျိုးသား ၁ ဦးဖြစ်ပြီး မိသားစုဝင်များက သဂြိုလ်ပြီးပြီဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများ၏ စစ်ရေး ရည်မှန်းချက်သည် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဒေသ ထိန်းချုပ် စိုးမိုးနိုင်ရေးဖြစ်ပြီး အမ်း-ပဒါန်းလမ်းပိုင်း ထိန်းချုပ်နိုင်ရေးမှာ စစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှု ဖြစ်ကြောင်းသိရသည်။

ယင်းနောက် ဒေသအသီးသီးရှိ စစ်နယ်ဝန်းတိုးချဲ့လာမှုနှင့်အတူ တညီတညွတ်တည်း စုပေါင်းအကောင်အထည် ဖော်သွားမည်ဟု PRA – မကွေးက ထုတ်ပြန်သည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် – နပခကို သိမ်းယူနိုင်ရန် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နပခအပါအဝင် စခန်း အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.