Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီက အာဏာသိမ်းပြီး ၄ နှစ်အတွင်း ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၀၀ ကျော်ပြုလုပ်၊ ပြည်သူ ၁၁၆ ဦး သေဆုံး၊ ၂၄၂ ဦး ဒဏ်ရာရ

စစ်ကောင်စီက အာဏာသိမ်းပြီး ၄ နှစ်အတွင်း ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၀၀ ကျော်ပြုလုပ်၊ ပြည်သူ ၁၁၆ ဦး သေဆုံး၊ ၂၄၂ ဦး ဒဏ်ရာရ

0
By Editor on January 6, 2025 Khonumthung

(004SS)

စစ်ကောင်စီက အာဏာသိမ်းပြီး ၄ နှစ်အတွင်း ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုပေါင်း ၈၀၀ ကျော်ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၁၁၆ ဦး သေဆုံးကာ၊ ၂၄၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ ဇန်နဝါရီလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၈၆၅ ကြိမ်ပြု လုပ်ခဲ့ပြီး ဘာသာရေးအဆောက်အဦး ၂၅ ခု ၊ စာသင်ကျောင်း ၂၂ ခု၊ ကျန်မာရေးအဆောက်အဦး ၈ ခု နှင့် ဘုန်းကြီး ကျောင်း ၇ ကျောင်းအပါအ၀င် ပြည်သူ့အဆောက်အဦးပေါင်း ၄၁၂ ခုလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု CHRO ကဖော်ပြသည်။

၂၀၂၁ ခုနှစ်တွင် ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုမရှိသော်လည်း၊ ၂၀၂၂ ခုနှစ်တွင် လေကြောင်းတိုက်ခိုက် မှုပေါင်း ၂၂ ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် ၂၆၁ ကြိမ် နှင့် ၂၀၂၄ ခုနှစ်တွင် ၅၈၂ ကြိမ်ပြုလုပ်ခဲ့သည်ဟု CHRO ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့‌သောကြောင့် မိသားစုဝင် ၄ ဦး သေဆုံးကာ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၅ လုံးထိခိုက်ပျက်စီးခဲ့သည်။

အလားတူ ၂၀၂၄ ခုနှစ်၊ နို၀င်ဘာ ၂၆ ရက်နေ့တွင်လည်း ဖလမ်းမြို့နယ်၊ လုမ်သဲရ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျန်းမာရေး၀န်ထမ်း၂ ဦးနှင့် အမျိုးသား ၅ ဦး သေဆုံးခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားတွင် ချင်းအမျိုးသားတစ်ဦး ၃ ထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

နယူးဒေလီမြို့က အဆင့်မြင့်တက္ကသိုလ် ၁၀ ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးပြီး တက်ရောက်ချင်သော မြန်မာကျောင်းသားများကို ကူညီပေးမည်ဟု CSU ပြော

အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးထိန်းသိမ်းစဉ်မှာ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးဟု စွပ်စွဲပြောဆိုချက် မဟုတ်မှန်ကြောင်း CNF ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.