Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့တွင်းသို့ တရားဝင် အကြောင်းကြားခြင်းမရှိသည့် သစ်များအား သယ်ယူ၊ ရောင်းဝယ်ခွင့် CDF-Hakha ပိတ်ပင်

ဟားခါးမြို့တွင်းသို့ တရားဝင် အကြောင်းကြားခြင်းမရှိသည့် သစ်များအား သယ်ယူ၊ ရောင်းဝယ်ခွင့် CDF-Hakha ပိတ်ပင်

0
By Editor on January 21, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေသော CDF-Hakha Central Council ၏ ဗဟိုမြေယာနှင့် သစ်တော ဌာနထံ တရားဝင်အကြောင်းကြားခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော သစ်များကို ဟားခါးမြို့တွင်းသို့ ယနေ့ ဇန်နဝါရီ ၂၁ ရက် နေ့မှစ၍ သယ်ယူ၊ ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ပြီဟု CDF-Hakha Central Council က ယနေ့ ထုတ်ပြန်သည်။

တော်လှန်ရေးကာလအတွင်း စီးပွားရေးအဖြစ် သစ်ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်းအား ခွင့်မပြုကြောင်း မိမိသုံး၊ အိမ်သုံး၊ အများပြည်သူသုံးမှလွဲ၍ အခြားမည်သည့်သစ်ကိုမျှ သိုလှောင်ခွင့်မရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဗဟိုမြေယာနှင့် သစ်တောဌာန အမိန့်အမှတ် ၁/၂၅ ဖြင့် မြို့နယ်မှ အမိန့်စာထုတ်ထားပြီးဖြစ်၍ ပြည်သူများအနေဖြင့် မလိုက်နာပါက မည်သူမဆို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု CDF-Hakha Central Council သတိပေးထားသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် ဇိုခွါးဒေသ၊ မီအေဒေသနှင့် ဟားခါးမြို့တွင်းသို့ သစ်၊ ထင်း၊ မီးသွေးများကို မိမိသုံး၊ ဘာသာရေး သုံး၊ အများပြည်သူ အကျိုးပြု လုပ်ငန်းသုံးများကို သက်ဆိုင်ရာဒေသရှိ သစ်တောအတွင်းရေးမှူးများထံ ဉပဒေ၊ နည်းဉပဒေ များအရ ၅ ရက် ကြိုတင်လျှောက်ထားရမည့်အကြောင်းကို CDF-Hakha Central Council ဗဟိုမြေယာနှင့် သစ်တောဌာန က အမိန့်အမှတ် ၁/၂၀၂၄ ဖြင့်ထုတ်ပြန်ပြီး ဖြစ်သည်။

ပြည်သူများအနေဖြင့် ဟားခါးမြို့နယ်မှ အခြားဒေသသို့ သစ်များ သယ်ယူလိုပါက သစ်တောဌာနတွင် ၄ ရက် ကြိုတင် အကြောင်းကြားရမည်ဖြစ်ပြီး မျောစာမပါသည့် သစ်များနှင့် တရားမဝင်သစ်များအား သက်ဆိုင်ရာ ဉပဒေအတိုင်း အရေးယူသွားမည်ဟု CDF-Hakha Central Council က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.