Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့တွင်းသို့ တရားဝင် အကြောင်းကြားခြင်းမရှိသည့် သစ်များအား သယ်ယူ၊ ရောင်းဝယ်ခွင့် CDF-Hakha ပိတ်ပင်

ဟားခါးမြို့တွင်းသို့ တရားဝင် အကြောင်းကြားခြင်းမရှိသည့် သစ်များအား သယ်ယူ၊ ရောင်းဝယ်ခွင့် CDF-Hakha ပိတ်ပင်

0
By Editor on January 21, 2025 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေသော CDF-Hakha Central Council ၏ ဗဟိုမြေယာနှင့် သစ်တော ဌာနထံ တရားဝင်အကြောင်းကြားခြင်း၊ မှတ်ပုံတင်ခြင်းမရှိသော သစ်များကို ဟားခါးမြို့တွင်းသို့ ယနေ့ ဇန်နဝါရီ ၂၁ ရက် နေ့မှစ၍ သယ်ယူ၊ ရောင်းဝယ်ခွင့် ပိတ်ပင်လိုက်ပြီဟု CDF-Hakha Central Council က ယနေ့ ထုတ်ပြန်သည်။

တော်လှန်ရေးကာလအတွင်း စီးပွားရေးအဖြစ် သစ်ရောင်းဝယ်ခြင်း၊ ထုတ်လုပ်ခြင်းအား ခွင့်မပြုကြောင်း မိမိသုံး၊ အိမ်သုံး၊ အများပြည်သူသုံးမှလွဲ၍ အခြားမည်သည့်သစ်ကိုမျှ သိုလှောင်ခွင့်မရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဗဟိုမြေယာနှင့် သစ်တောဌာန အမိန့်အမှတ် ၁/၂၅ ဖြင့် မြို့နယ်မှ အမိန့်စာထုတ်ထားပြီးဖြစ်၍ ပြည်သူများအနေဖြင့် မလိုက်နာပါက မည်သူမဆို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု CDF-Hakha Central Council သတိပေးထားသည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် ဇိုခွါးဒေသ၊ မီအေဒေသနှင့် ဟားခါးမြို့တွင်းသို့ သစ်၊ ထင်း၊ မီးသွေးများကို မိမိသုံး၊ ဘာသာရေး သုံး၊ အများပြည်သူ အကျိုးပြု လုပ်ငန်းသုံးများကို သက်ဆိုင်ရာဒေသရှိ သစ်တောအတွင်းရေးမှူးများထံ ဉပဒေ၊ နည်းဉပဒေ များအရ ၅ ရက် ကြိုတင်လျှောက်ထားရမည့်အကြောင်းကို CDF-Hakha Central Council ဗဟိုမြေယာနှင့် သစ်တောဌာန က အမိန့်အမှတ် ၁/၂၀၂၄ ဖြင့်ထုတ်ပြန်ပြီး ဖြစ်သည်။

ပြည်သူများအနေဖြင့် ဟားခါးမြို့နယ်မှ အခြားဒေသသို့ သစ်များ သယ်ယူလိုပါက သစ်တောဌာနတွင် ၄ ရက် ကြိုတင် အကြောင်းကြားရမည်ဖြစ်ပြီး မျောစာမပါသည့် သစ်များနှင့် တရားမဝင်သစ်များအား သက်ဆိုင်ရာ ဉပဒေအတိုင်း အရေးယူသွားမည်ဟု CDF-Hakha Central Council က ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.