Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့က ပြည်သူ့စစ် ၄ ဦး လက်နက်များနှင့်အတူ CDF-Hakha ထံ အလင်းဝင်

ဟားခါးမြို့က ပြည်သူ့စစ် ၄ ဦး လက်နက်များနှင့်အတူ CDF-Hakha ထံ အလင်းဝင်

0
By Editor on January 21, 2025 Khonumthung

(004SS)

ချင်းပြည်နယ် ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးသည် လက်နက်များနှင့်အတူ ၎င်းတို့ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် CDF-Hakha က ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိကြတော့ ဘဲ ပြည်သူများနှင့် ပူးပေါင်းပါဝင်လိုခြင်းကြောင့် ဇန်နဝါရီလ ၈ ရက်နေ့နှင့် ၁၄ ရက်နေ့တွင် အလင်းဝင်ရောက်လာကြသည်ဟု CDF-Hakha ကဆိုသည်။

လက်နက်များနှင့်အတူ အလင်းဝင်လာကြသော ပြည်သူ့စစ် ၄ ဦးအား ဆုငွေ ချီးမြှင့်ပြီးနောက် လွတ်မြောက်နယ်မြေရောက် သည်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူများနှင့် ပူပေါင်းကာ တော်လှန်ရေးတွင် ပါဝင်လိုသူများကို အမြဲကြိုဆိုပြီး အချိန်မရွေး ဆက်သွယ်လာနိုင်ကြောင်း၊ လွတ်မြောက်နယ်မြေရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်းလည်း CDF-Hakah က အသိပေးထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့ကလည်း ပြည်သူ့စစ် ၃ ဦးသည် လက်နက်များနှင့် အတူ CDF-Hakha ထံ အလင်းဝင်ရောက်လာခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.