စစ်မှုထမ်းဥပဒေကြောင့် စစ်သားအဖြစ် ဖမ်းဆီးစုဆောင်းခံရပြီး ချင်းပြည်နယ်တွင် စစ်မှုထမ်းဆောင်နေသော စစ်ကောင်စီတပ်သား ၄ ဦးသည် ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြသည်ဟု သိရသည်။
ဟားခါး-ထန်တလန်ကြား ပွိုင့်-၃ စခန်းတွင် ခြေကုပ်ယူတပ်စွဲထားကြသော စစ်ကောင်စီတပ်သား ၄ ဦးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့က ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့ထံ လက်နက် ၃ လက်နဲ့အတူ အလင်းဝင်ရောက်ခဲ့ကြသည်ဟု Chinland Information Center က ယနေ့တွင် ထုတ်ပြန်သည်။
လက်နက်ခဲယမ်းအပြည့်အစုံနှင့် အလင်းဝင်ရောက်လာသူများကို ချင်းအမျိုး သားတပ်မတော် CNA က သေနတ်တလက် ကျပ်ငွေ သိန်း ၅၀ နှုန်းဖြင့် ဆုငွေများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။