Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ CDF – မင်းတပ်နှင့် PDF – Zoland က ရဲဘော်တချို့ ထိခိုက်ကျဆုံးမှုရှိ

ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ CDF – မင်းတပ်နှင့် PDF – Zoland က ရဲဘော်တချို့ ထိခိုက်ကျဆုံးမှုရှိ

0
By Editor on February 24, 2025 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် ယခုတပတ်တိုက်ပွဲများအတွင်း CDF – မင်းတပ်မှ ရဲဘော် ၁ ဦးနှင့် PDF – Zoland မှ ရဲဘော် ၁ ဦးတို့ ထိခိုက်ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေသည့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးသည် လက်ရှိတွင် သုံးလကျော် ရှိလာပြီး မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားကာ နောက်ဆုံး ကျန်ရှိသည့် ခလရ – ၂၆၈ တပ်ကုန်းကို သိမ်းနိုင်ရန် ထိုးစစ်ဆင်နေချိန်မှာ ချင်းရဲဘော်တချို့ ထိခိုက်သေဆုံးမှုများ ထပ်မံ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဖလမ်းကတော့ လေကြောင်းပစ်ခတ်မှုတွေက နေ့တိုင်းရှိတယ်။ တိုက်ပွဲကလည်း ပြင်းထန်တဲ့အခြေအနေမှာ ရှိပါတယ်။ ရဲဘော်ကျဆုံးတွေက‌တော့ ဟုတ်ပါတယ်။ စစ်ပွဲဆိုတာကတော့ အဲလိုပါပဲ ရှိပါတယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

CDF – မင်းတပ်၊ တပ်ရင်း ၆ က တပ်စုမှူး ဆလိုင်းလိန်းထန်းကီးသည် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းတိုက်ခိုက်နေရာ ဖေဖော်ဝါရီလ ၂၁ ရက်က စစ်ကောင်စီ၏ စနိုက်ပါကျည်ထိမှန်ပြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်။

ကျဆုံးသွားသည့် ဆလိုင်းလိန်းထိန်းကီး၏ ရုပ်အလောင်းကို ဇာတိမင်းတပ်မြို့သို့ ပြန်လည်သယ်ယူရန် ခက်ခဲသောကြောင့် ဖလမ်းမြို့နယ် တနေရာမှာ သဂြိုလ်မည်ဟု သိရသည်။

တိုက်ပွဲအတွင်း နောက်ထပ်ရဲဘော်တဦးလည်း ထိခိုက်ဒဏ်ရာတချို့ ရရှိပြီး ဆေးကုသနေရသည်ဟု သိရသည်။

PDF- Zoland မှ ရဲဘော်တဦးဖြစ်သည့် Lian Hau Sum သည်လည်း ဖလမ်းမြို့ကို အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင် နေမှုအတွင်း ယခုရက်ပိုင်းမှာ ကျဆုံးသွားသည်ဟု PDF – Zoland မှ တာဝန်ရှိသူများက ပြောသည်။

PDF- Zoland မှ ရဲဘော်တဦးကျဆုံးမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှု ပြုလုပ်ပြီးမှသာ အသေးစိတ်ဖြေဆိုနိုင်မည်ဟု ၎င်းကပြောဆိုသည်။

ဖလမ်းမြို့ မကျစေရန် စစ်ကောင်စီသည် ဇန်နဝါရီလက ရဟတ်ယာဉ်ဖြင့် နောက်ဆုံးကျန်ရှိနေသော ခလရ – ၂၆၈ တပ်ကုန်းကို စစ်ကူအင်အား ပေးပို့ထားပြီး လေကြောင်းပစ်ကူအများအပြားဖြင့် ခုခံနေကြောင်း၊ စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ် နှစ်ဖက် စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိနေသည်ဟု သိရသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိကြီးများအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းဆီး ရမိထားပြီး နိုင်ငံတကာဥပဒေများအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု CNDF က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖလမ်းမြို့က စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ခလရ ၂၆၈ တပ်ရင်းကို အပြီးသတ်သိမ်းနိုင်ရေး ချင်းတော် လှန်ရေးပူးပေါင်းတပ်များ ဆက်လက်တိုးစစ်ဆင်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.