(005MK)
အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး ရိ-ဇိုခေါထာရ်ကတဆင့် မီဇိုရမ်ပြည်နယ်ထဲ တရားမဝင်သယ်ဆောင်လာသော တိရိစ္ဆာန်အကောင် ၃၀ ကျော်ကို ဒေသတွင်းအာဏာများကဖမ်းဆီးခဲ့ကြောင်းသိရသည်။
Assam Rifles နှင့် Environment Forest & Climate Change department ပူးပေါင်းအဖွဲ့မှ ကျန်ဖိုင်းခရိုင် ဇိုခေါ ထာရ်ကျေးရွာတွင် တရားမဝင်သယ်ဆောင်လာသော တိရိစ္ဆာန်အကောင်ရေ ၃၁ ကောင်ကို ဧပြီလ ၃ ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသော တိရိစ္ဆာန်မျိုးစိတ်များမှာ (Albino Burmese Python) မြန်မာ့စပါးအုံးမြွေ၊ (African Spurred tortoise) အာဖရိက လိပ် အမျိုးအစား ၂၇ ကောင် နှင့် (Patagonian mara) အမျိုးအစား ယုန် ၃ ကောင်တို့ ဖမ်းဆီးရမိတယ်လို့ Vanglaini သတင်းစာတွင် ဖော်ပြသည်။
အဆိုပါ တိရိစ္ဆာန်အကောင်ရေ ၃၁ ကောင်မှာ လက်ရှိကာလပေါက်စျေးအရ ရူပီး သိန်း ၁၃၀ ခန့် တန်ဖိုးရှိကြောင်း သိရသည်။ တရားမဝင် တိရိစ္ဆာန်သယ်ဆောင်လာသူ မြန်မာနိုင်ငံသားတစ်ဦးအပါအဝင် ဒေသခံလူမျိုး ၅ ဦးတို့ကို ဖမ်းဆီးကာ ကျန်ဖိုင်းထောင်မှာ ထိန်းသိမ်းထားသည်ဟု သိရသည်။
ဖမ်းဆီးခံရသူများမှာ ချင်းပြည်နယ် Khawmawi ကျေးရွာက Thawnsuangmuang နှင့်အတူ ဇိုခေါထာရ်ကျေးရွာနေ Jessie Lalnunmawia, Biakzapianga, Lalzuitluangi, Denga နှင့် Lalhmangaihthanga တို့ဖြစ်သည်။