Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမြို့ကို ZRA ထိုးစစ်ဆင်တိုက်ခိုက်၊ မြို့ပေါ် ၄ နေရာမှာ တိုက်ပွဲပြင်းထန်နေ

တွန်းဇံမြို့ကို ZRA ထိုးစစ်ဆင်တိုက်ခိုက်၊ မြို့ပေါ် ၄ နေရာမှာ တိုက်ပွဲပြင်းထန်နေ

0
By Editor on April 4, 2025 Headline

အိန္ဒိယနှင့် ချင်းပြည်အစိုးရတို့ ငလျင်ကယ်ဆယ်ရေးအတွက် နယ်မြေဖြတ်သန်းသွားလာခွင့်ညှိနှိုင်းမှု အဆင်ပြေချိန်တွင် ထိုးစစ်ဆင်ခြင်းဖြစ်

(006SV)

အိန္ဒိယအစိုးရက ငလျင်ဒဏ်သင့်မြန်မာပြည်သူများကို ကူညီထောက်ပံ့နိုင်ရေး ချင်းပြည်ကို ဖြတ်သန်းသွားလာခွင့်ကိစ္စ ဆောင်ရွက်နေချိန်တွင် ZRA – EC တပ်များသည် အင်အားအလုံးအရင်းဖြင့် တွန်းဇံမြို့ကို ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်လိုက်ရာ မြို့ပေါ် ၄ နေရာတွင် တိုက်ပွဲများ ပြင်းထန်နေသည်။

“တွန်းဇံမြို့ထဲ ၄ နေရာမှာ မနေ့က စ ဖြစ်တာပါ။ ကျနော်တို့ ယူထားတဲ့ မီးသတ်ကုန်း၊ ကိုဗစ်စင်တာတို့ စတဲ့ ၄ နေရာမှာပါ။ တိုက်ပွဲက အခုထိ ဆက်လက်ပြင်းထန်နေတယ်။ သူတို့က တွန်းဇံမြို့ကို ပြန်ယူဖို့ ဆိုပြီးတော့မှ မြို့ထဲကို ဝင်လာတာ ဖြစ်တယ်။ အခုတလောမှာ ငလျင်ဒဏ်ကြောင့် ကျနော်တို့ စစ်ကောင်စီနဲ့ ပစ်ခတ်မှုကို ရပ်တာကို ဆုံးဖြတ်လုပ်တဲ့အချိန်မှာ သူတို့က အခွင့်ကောင်းယူပြီးတော့ အဲဒီလိုနဲ့ အခု ကျနော်တို့ကို စပြီးတော့ ဝင်တိုက်တာ ဖြစ်တယ်” ဟု ချင်းလဲန်းကောင်စီပူးပေါင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဧပြီလ ၃ ရက် နံနက်ပိုင်းမှာ စတင်၍ ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရာ ဖော်ဆောင်နေသည့် တွန်းဇံမြို့ကို ဇိုမီးတော်လှန်ရေးတပ် – အရှေ့ပိုင်း (ZRA – EC) တို့က အင်အားအလုံးအရင်းဖြင့် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်ဘက်မှ ကျီခါးမြို့ကို ဖြတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။

ယမန်နေ့မှ ယနေ့ ဧပြီလ ၄ ရက်အထိ တွန်းဇံမြို့ပေါ်က တိုက်ပွဲများတွင် ZRA – EC တပ်သည် စစ်ကောင်စီပေးထားသည့် ဒရုန်းများကို အသုံးပြု တိုက်ခိုက်နေပြီး လတ်တလောမှာ ဒရုန်း ၃ စင်းကို ချင်းပူးပေါင်းတပ်က ပစ်ချနိုင်ခဲ့ကြောင်း၊ ZRA – EC တပ်သည် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများကို အသုံးပြု တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်ဟု ဆလိုင်းထက်နီက ပြောသည်။

“အဓိကက သူတို့က နယ်မြေစိုးမိုးရေးဆိုပြီးတော့ အမြဲတမ်းကြိုးစားနေတာပေါ့။ ဆို‌တော့ အဲဒီနေရာမှာ ဒီအပစ်ခတ် တိုက်ခိုက် မှုကို လျော့ချပြီးတော့မှ ကျနော်တို့က စစ်ကောင်စီနဲ့ တဖက်သတ် အပစ်ရပ်မှု လုပ်မယ်။ ပြည်မဘက်က ပြည်သူတွေ ငလျင် ဒဏ်ခံရတဲ့ လူတွေကို အိန္ဒိယအစိုးရကနေ ပံ့ပိုးချင်တယ်ဆိုပြီးတော့မှ ကမ်းလှမ်းလာတဲ့အချိန်မှာ ကျနော်တို့က လျှောလျှောရှုရှု ခွင့်ပြုတယ်။ အဲဒီမှာ တိုက်ပွဲတွေ မရှိအောင်လို့ ထုတ်ပြန်ချက် ထုတ်လိုက်တာပေါ့။ အဲဒီကြားထဲမှာ သူတို့က ကျနော်တို့ စစ်ရေးပြင်ဆင်မှု အားနည်းနေတယ် ထင်ပြီးတော့ အခွင့်ကောင်းယူပြီးတော့ တဖက်သတ်တိုက်ခိုက်လာတာဖြစ်တယ်” ဟု ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

တိုက်ပွဲများတွင် ချင်းပူးပေါင်တပ်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း၊ ZRA – EC ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကိုလည်း မသိရှိရသေးကြောင်း သိရသည်။

မဏိပူရပြည်နယ်မှာ အခြေစိုက်ထားသည့် ဇိုမီးတော်လှန်ရေးတပ် – အရှေ့ပိုင်း (ZRA – EC) တပ်သည် တွန်းဇံမြို့ကို သိမ်းနိုင်ရေးအတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။

အိန္ဒိယအစိုးရက ချင်းပြည်နယ်ကို ဖြတ်သန်းသွားလာရမည့် အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးလမ်းများကို အသုံးပြုပြီး ငလျင်ဘေး ဒဏ်သင့် မြန်မာလူထုကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးနိုင်ရန် ချင်းပြည် (Chinland) အစိုးရ အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်မှုများ အဆင်ပြေကောင်းမွန်ချိန်နှင့်လည်း တိုက်ဆိုင်စွာ ယင်းသို့ တိုက်ခိုက်ခြင်းဖြစ်သည်။

“ပြည်သူတွေ ငလျင်ဒဏ်ကြောင့် သေကြေပြီး‌တော့ အိုးအိမ်စည်းစိမ်းတွေ ဆုံးရှုံးနေတဲ့အချိန် တဖက်ကလည်း ကူညီပံ့ပိုးနေတဲ့အချိန်မှာ အခုလို ပြည်သူလူထုရဲ့ အခက်အခဲကို မစဉ်းစားပဲနဲ့ အဲဒီမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာက လုံးဝ မဖြစ်သင့်တဲ့ဟာ၊ အကြမ်းဖက်တဲ့ လုပ်ရပ်ပါပဲ။ ဒါကြောင့် ဒီကိစ္စကတော့ ကျနော်တို့က ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ တတ်နိုင်ဆုံး ပြန်လည်ချေးမှုန်းသွားမှာပဲ” ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းအမျိုးသားတပ်မတော်၊ အမှတ် ၄ တပ်မဟာကလည်း မိမိကိုယ်ကို ခုခံကာကွယ်ရန် လိုအပ်လာသဖြင့် စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ZRA တပ်ဖွဲ့များကို တိုက်ခိုက်ချေမှုန်းသွားမည်ဟု ဧပြီလ ၃ ရက်က ထုတ်ပြန်သည်။

လက်ရှိတွင် ငလျင်ဒဏ်သင့် မြန်မာပြည်သူများကို ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲပြီး ဝိုင်းဝန်းဆောင်ရွက်နေသည့်အချိန်တွင် စစ်ရေးလှုပ်ရှားမှုများ ကန့်သတ်ထားခြင်းကို အခွင့်အရေးယူပြီး ကျူးကျော်တိုက်လာခြင်းဖြစ်သည်ဟု CN A ၊ အမှတ် ၄ တပ်ဟာက တရားဝင်ထုတ်ပြန်သည်။

ငလျင်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ တပ်ရင်းများ၊ KIO အပါအဝင် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့တို့သည်လည်း ယာယီ အပစ်ရပ်ကြောင်း ကြေညာထားကြသည်။

စစ်ကောင်စီကလည်း ယာယီအပစ်ရပ်ကြောင်း ကြေညာထားသော်လည်း တချို့ဒေသများတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုများဆက်လက်ပြုလုပ်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.